အဓိကရုဏ်းတွေဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ၎င်းရဲ့သံတမန်မစ်ရှင်ဝန်ထမ်းတွေကို အိန္ဒိယအစိုးရ ကယ်ထုတ်
Pika (NSS) - ဩဂုတ် ၈
အိန္ဒိယအစိုးရဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ၎င်းရဲ့သံရုံးနဲ့ကောင်စစ်ဝန်ရုံးတွေက ဝန်ထမ်းတွေနဲ့ ၎င်းတို့ရဲ့မိသားစုတွေအားလုံးကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး The Tribune သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွားလာခဲ့ပြီးနောက် အိန္ဒိယအစိုးရက ၎င်းရဲ့သံရုံးနဲ့ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေကို ဘေးလွတ် ကင်းရာကို ရွှေ့ပြောင်းပေးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယသံတမန်တွေဟာ ဘင်္ဂလားဒေ့ရှ်မှာ ဆက်လက်နေထိုင်ပြီး မစ်ရှင်တွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အိန္ဒိယလူမျိုး(၁၉၀၀၀)ဝန်းကျင်နေထိုင်နေပြီး ၎င်းတို့အနက်လူ(၉)ထောင်ခန့်က ကျောင်းသားတွေဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ဩဂုတ်လ(၇)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့နောက်ပိုင်းတည်းက အိန္ဒိယကျောင်းသားအများစုဟာ အိန္ဒိယနိုင်ငံကို ပြန်လာခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့(BSF)ဟာ အိန္ဒိယ-ဘင်္လားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးအစီအစဉ်တွေကို တင်းကြပ်ခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လ(၅)ရက်နေ့က ရာထူးကနေနှုတ်ထွက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ၎င်းကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နေထိုင်ခွင့်ပေးဖို့အတွက် အိန္ဒိယအစိုးရကို တောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့ရေကြီးမှုတွင် ရေပြန်လည်ကျဆင်းလာပြီးနောက် ရေဘေးရှောင် (၃၀၀၀၀)ကျော် နေရပ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ