ရေဘေးကြောင့်နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း(၁၄၅)ကျောင်းကျော် ယာယီပိတ်ခဲ့ရပြီး အစားထိုးပြန်လည်သင်ကြားရန် စီစဉ်ထား
စော (NSS) - ဩဂုတ် ၇
နိုင်ငံတစ်ဝန်းရေကြီးမှုကြောင့် ကျောင်းပေါင်း(၁၄၅ဝ)ကျောင်းကျော် ယာယီပိတ်ခဲ့ရပြီး အစားထိုးပြန်လည်သင်ကြားရန် စီစဉ်ထားကြောင်း ပညာရေးဝန် ကြီးဌာနထံမှ သိရသည်။
မြစ်ရေမြင့်တက်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် နိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အခြေခံပညာကျောင်းများလည်း ယာယီပိတ်ခဲ့ရကြောင်းသိရသည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် နိုင်ငံ တစ်ဝန်း ယာယီပိတ်ခဲ့ရသည့် အခြေခံကျောင်းများနှင့် ပတ်သက်၍ NP News က ပညာရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာတွင် ယာယီပိတ်ခဲ့ရသည့် ကျောင်းပေါင်း (၁၄၅၄) ကျောင်းရှိကြောင်း ပြန်လည်ဖြေကြားထားသည်။ ထိုကဲ့သို့ ပိတ်ခဲ့ရသည့်ကျောင်းများမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။
ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်းပေါင်း (၁၀ဝဝ)ကျော် ယာယီပိတ်ခဲ့ရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု ပျက်ကွက်မှုမရှိစေရေးနှင့် ထိခိုက်မှုမရှိစေရေး လာမည့်ပိတ်ရက်များတွင် အစားထိုးပြန်လည်တက် ရောက်ကာ သင်ကြားပေးရန် စီစဉ်ထားကြောင်းလည်း ဝန်ကြီးဌာနက ပြောသည်။ ပြီးခဲ့သောရက်ပိုင်းက နိုင်ငံအတွင်းရှိ မြို့ပေါင်း(၂၀)ထက်မနည်းတွင် ရေ ကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူလူထု အနေဖြင့်လည်း ယာယီရေဘေးရှောင်စခန်းများတွင် သွားရောက်ခိုလှုံခဲ့ကြရသည်။
“အခြေခံကျောင်းတွေကတော့ လောလော ဆယ်တော့ ယာယီပိတ်ထားရတယ်။ ရေတက်တာ ကတော့ တစ်ပတ်လောက်တော့ရှိပြီ။ လက်ရှိက ယာ ယီစခန်းက (၃၄)ခု ဖွင့်ထားပါတယ်” ဟု ပဲခူးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ဇူလိုင်လ (၃၁)ရက် မွန်းလွဲ (၁၂) နာရီခွဲ အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၂၈ ဒသမ ၈၇ပေ) အထက်သို့ (၄)ပေခန့် ကျော်လွန်ရောက်ရှိနေ၍ အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင် သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူ SEZ နိုဝင်ဘာတွင် စတင်နိုင်ရန် တရုတ်ဘက်က ဆန္ဒပြင်းပြနေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း