တောင်တရုတ်ပင်လယ်အတွင်း ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နဲ့ ဂျပန်တို့ပြုလုပ်
Pika (NSS) - ဩဂုတ် ၃
ဖိလစ်ပိုင် နဲ့ ဂျပန်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ၎င်းတို့ရဲ့ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ(၂)ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်းမှာ နယ်မြေအငြင်းပွားမှုတွေ အရှိန်မြင့်တက်လာနေချိန်မှာပဲ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။ ဇူလိုင်လ(၃၁)ရက်နေ့မှာ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်းမှာ လုပ်ဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထပ်မံထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်စစ်တပ်က 'ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ လွတ်လပ်ပြီး ပွင့်လင်းတဲ့အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ဖို့အတွက် ဒေသတွင်းနဲ့နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့ ကြိုးပမ်းအား ထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်'လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဖိလစ်ပိုင်နဲ့ဂျပန်တို့ဟာ ၎င်းတို့ရဲ့နယ်မြေအတွင်းမှာ တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ဖြန့်ကျက်ချထားခွင့်ပြုမယ့် စစ်ရေးသဘောတူညီစာချုပ်ကို ပြီးခဲ့တဲ့လမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်ကပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖျာပုံတွင် ကုန်တင်စက်လှေပေါ်မှ မလေးရှားသို့ ပို့ဆောင်မည့် ငွေကျပ်(၆၉) ဘီလျံတန်ဖိုးရှိ အိုက်စ်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ