ချင်းမိုင်မှာ ဇစ်လိုင်း စွန့်စားခန်း ကေဘယ်ကြိုးပြတ်တောက်မှုကြောင့် တရုတ်အမျိုးသမီးတစ်ဦး သေဆုံး
ရောင်နီ (NSS) - ဩဂုတ် ၃
ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ဩဂုတ်လ ၁ ရက်က လေဟုန်ကိုခွင်း၊ အရှိန်နဲ့ စီးနင်းရတဲ့ ဇစ်လိုင်းကေဘယ်စွန့်စားခန်းမှာ ကေဘယ်ကြိုးပေါ် သစ်ပင်ကျိုးကျခြင်းကြောင့် ကြိုးပေါ်မှာရှိနေတဲ့ တရုတ်စုံတွဲတစ်တွဲအမြင့်မှပြုတ်ကျပြီး အမျိုးသမီးဖြစ်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မစ္စဂျန်ချန် (၄၄ နှစ်)နဲ့ သူမရဲ့ ခင်ပွန်း လီယူယန် (၄၆) နှစ်တို့ဟာ နံနက်စောစော ဇစ်လိုင်းစွန့်စားခန်းလုပ်ခဲ့ကြပြီး ကေဘယ်ကြိုးနဲ့ စခန်းကို ပြန်လာချိန် မြေပြင်အထက် ၁၅ မီတာခန့်အကွာမှာ ၎င်းတို့ စီးလာတဲ့ ကေဘယ်ကြိုးပေါ် သစ်ပင်တစ်ပင်က ကျိုးကျပြီး ၄င်းတို့နှစ်ဦးစလုံး အမြင့်မှ ပြုတ်ကျခဲ့ကာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ ဒီအတွက် ဇစ်လိုင်းကုမ္ပဏီကတော့ ခရီးသွားသေဆုံးမှုအတွက် ဘတ်တစ်သန်း (စင်ကာပူဒေါ်လာ ၃၇၇၀၀) လျှော်ကြေးပေးထားပြီး ခရီးသွားအကူအညီပေးရေးဌာနက တောင်းဆိုချက်တွေကို ကူညီပေးမယ်လို့ ပြောပါတယ်။
အဆိုပါ အခင်းဖြစ်နေရာကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ အထူးသဖြင့် မိုးရာသီမှာ သစ်ပင်လဲခြင်း၊ ရေကြီးခြင်း၊ ရွှံ့မြေ ပြိုကျခြင်းစတဲ့ သဘာဝဘေး အန္တရာယ်တွေရှိတာကြောင့် အထူးသတိနဲ့ သတိထားဆောင်ရွက်ကြဖို့ တာဝန်ရှိသုတွေက အခြားကုမ္ပဏီတွေကို တိုက်တွန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့ကြီးများတွင် စက်သုံးဆီရရှိရေး တန်းစီတိုးဝှေ့ဝယ်ယူနေရပြီး ဈေးနှုန်းလည်းအနည်းငယ်မြင့်တက်လာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း