မလေးရှားနိုင်ငံအလျားတစ်လျောက် အမြန်ဆုံးဖြတ်ပြေးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဩစတြေးလျအမျိုးသမီး

Pika (NSS) - ဩဂုတ် ၁
ဩစတြေးလျနိုင်ငံမှ ultramarathoner တစ်ဦးဖြစ်သော Natalie Dau သည် မလေးရှားကျွန်းဆွယ်ကို ခြေလျင်ပြေးကာ အမြန်ဆုံးဖြတ်ပြနိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။ Natalie Dau သည် မလေးရှားကျွန်းဆွယ်မြောက်ဖက်ရှိ ကီလန်တန်ပြည်နယ်မှ တောင်ဘက်ရှိ Johor Bahru မြို့အထိ အကွာအဝေး ကီလိုမီတာ(၇၀၀)ကျော်ကို အချိန်(၈)ရက်နှင့်(၄၆)မိနစ်အတွင်း ပြေးပြခဲ့ပြီးနောက် ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအောင်မြင်မှုကို ၂၀၁၉ ခုနှစ်တည်းက စတင်ခဲ့သော ၎င်း၏ ultramarathon အောင်မြင်မှုစာရင်းထဲ ထပ်မံထည့်သွင်းနိုင်ခဲ့ကြောင်း Natalie Dau က ပြောကြားခဲ့သည်။
ထို့ပြင် မလေးရှားကျွန်းဆွယ်ကို အမြန်ဆုံးဖြတ်ပြေးပြခဲ့ခြင်းက ထိုင်းနိုင်ငံမှ စင်ကာပူနိုင်ငံအထိ ကီလိုမီတာ(၁၀၀၀)အကွာအဝေးရှိသော ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Natalie Dau ကပြောကြားခဲ့သည်။ အဆိုပါအောင်မြင်မှုကို ရယူနိုင်ရန်အတွက် လေ့ကျင့်မှုတစ်စိတ်တစ်ပိုင်းအဖြစ် နံနက်(၁၂)နာရီ (၃၅)မိနစ်မှစတင်ကာ နေ့စဉ်အကွာအဝေး (၈၅)ကီလိုမီတာမှ (၉၅)ကီလိုမီတာကြား ပြေးခဲ့ကြောင်း Natalie Dau ကထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းက 'တစ်နေ့တာပြေးချိန်အတွင်း နောက်ဆုံးကီလိုမီတာ(၂၀) လောက်က အခက်ခဲဆုံးပါပဲ'ဟု ပြောဆိုခဲ့သည်။
ထို့ပြင် မိန်းကလေးများနှင့် အမျိုးသမီးများကို ပံ့ပိုးပေးမှုများလုပ်ဆောင်ပေးသည့် ကမ္ဘာလုံးဆိုင်ရာပရဟိတလုပ်ငန်းအတွက် ရန်ပုံငွေရှာဖွေရန် ယခုလိုပြေးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ ၎င်းက 'အမျိုးသမီးတွေဟာ (၄၀)ရာခိုင်နှုန်းလောက် လှုပ်ရှားမှုနည်းပါးတာကြောင့် လေ့ကျင့် ခန်းတွေလုပ်တဲ့အခါမှာ ကြီးမားတဲ့ ကျား၊ မ ကွာဟချက်တွေရှိနေပြီး ဒီလိုမျိုးက ဆင်းရဲတဲ့အသိုင်းအဝိုင်းတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ဒီလိုအဖြစ် အပျက်မျိုးတွေမရှိရအောင်လို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီစံချိန်သစ်တင်ဖို့ ဆုံးဖြတ်ခဲ့တာပါ'ဟု ပြောဆိုခဲ့သည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
TWICE အဖွဲ့ရဲ့ 'What is Love?' သီချင်းက youtube မှာ ကြည့်ရှုသူသန်း (၈၀၀) ကျော်ထိရှိလာ
RELATED POSTS
02 May 2025 | အားကစား,နိုင်ငံတကာ
26 Apr 2025 | အားကစား,နိုင်ငံတကာ
21 Nov 2024 | အားကစား,ပြည်တွင်း
08 Nov 2024 | အားကစား,ပြည်တွင်း