ချင်ပန်ဇီမျောက်တွေက အမူအရာတွေအသုံးပြုကာ လူသားတွေကဲ့သို့ ဆက် သွယ်နိုင်ကြောင်း လေ့လာမှုတစ်ခုတွင်တွေ့ရှိ
Pika (NSS) - ဩဂုတ် ၁
ချင်ပန်ဇီမျောက်များနှင့်လူသားများ၏ ဒီအန်အေသည်(၉၈ ဒသမ ၈) ရာခိုင် နှုန်းတူညီမှုရှိပြီး ချင်ပန်ဇီမျောက်များသည် လူသားများကဲ့သို့ပင် ဟန်ပန် အမူအရာများဖြင့်ဆက်သွယ်ရန် သင်ယူနိုင်စွမ်းရှိကြောင်း သုတေသန အသစ်များအရ သိရသည်။ ချင်ပန်ဇီမျောက်များသည် လူများကဲ့သို့ပင် တစ်ဦးနှင့် တစ်ဦးဆက်သွယ်သည့်အမူအရာများကို လုပ်ဆောင်နိုင်ကြောင်း Current Biology ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုအသစ်များအရသိရသည်။
လေ့လာမှုလုပ်ဆောင်ခဲ့သူ ဂယ်လ်ဘာဒီဟီက ‘‘ချင်ပန်ဇီတွေရဲ့ ဆက်သွယ်တဲ့အမူအရာတွေနဲ့ လူသားတွေရဲ့ စကားပြော ဆိုဆက်သွယ်ပုံတွေဟာ ဆင်တူနေတာ ကို ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်။ ဒီလိုဆင့်ကဲဖြစ်စဉ် တွေအရ ချင်ပန်ဇီတွေဟာ ဟန်ပန်အမူအရာတွေ အသုံးပြုပြီး လူသားတွေနဲ့ဆက်သွယ်နိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်” ဟုပြောဆိုခဲ့သည်။ သုတေသီများသည် အရှေ့အာဖရိကရှိ ဒေသ(၅)ခုတွင်နေ ထိုင်သော မျောက်ဝံမျိုးစိတ်များကပြုလုပ်သည့် အမူအရာ (၈၅၀ဝ)ကျော်ကို ခွဲခြမ်းစိတ်ဖြာမှုများလုပ် ဆောင်ခဲ့ကြောင်းသိရသည်။
ထို့နောက် ချင်ပန်ဇီမျောက် နှစ်ကောင်ကြား ဆက်သွယ်ပုံများ၏ (၁၄) ရာခိုင်နှုန်းတွင် ဟန်ပန်အမူအရာများပါဝင်သည်ကို သုတေသီများကတွေ့ရှိခဲ့ကြောင်းသိရ သည်။ ထို့ပြင် ချင်ပန်ဇီ မျောက်နှစ်ကောင်ကြားဆက်သွယ်မှုများအတွင်း (၁၂၀)မီလီစက္ကန့်တွင် လူသားများ၏ စကား ပြောဆို တုံ့ပြန်ပုံနှင့် ဆင်တူနေသည်ကို သုတေသီများက တွေ့ရှိခဲ့သည်။ သုတေသီများက‘‘ဒီထက်ပိုပြီးသိရှိ နိုင်ဖို့ အတွက် ကျွန်တော်တို့ဟာ ချင်ပန်ဇီမျောက်တွေနဲ့ ဆက်စပ်တဲ့မျိုးစိတ်တွေမှာ ဘယ်လိုဆက်သွယ်မှု တွေလုပ်ဆောင်ကြလဲဆိုတာကို လေ့လာမှုတွေလုပ် ဆောင်ဖို့လိုအပ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း၊ပြည်ပ အလုပ်သမားရေးရာအတွက် ဝန်ကြီးဌာန ဘာလုပ်ပေးနေသလဲ (အပိုင်း-၂)
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ