သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အချိန်ပိုများသင်ကြားပေးရန်လိုဟုဆို
သန့်ဇင် (NSS) - ဇူလိုင် ၃၀
သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အချိန်ပိုများသင်ကြားပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။
၎င်းက ယမန်နေ့ ဇူလိုင်လ ၂၉ ရက်တွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)တွင် ထည့်သွင်းပြေကြားခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ (၇၀)ရာခိုင်နှုန်းခန့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား (၉၂)ရာခိုင်နှုန်း ကျောင်းတက်ရောက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ဖွင့်လှစ်ထားသည့်ကျောင်းများ ဆက်လက်ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန်လိုအပ်ကာ သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း အချိန်ပိုများ သင်ကြားပေးပြီး ကလေးငယ်များ အမှန်တကယ်စာတတ်မြောက်စေရေး သင်ကြားပေးရန်လိုကြောင်း နစက ဥက္ကဋ္ဌက ထပ်မံပြောကြားသည်။
မြန်မာနိုင်ငံသားအများစုသည် ဝင်ငွေအလယ်အလတ်တန်းရှိသူများနှင့် ဝင်ငွေနည်းကြသူများ ဖြစ်ကြသဖြင့် အစိုးရကျောင်းများ၌ ပညာသင်ကြားနေကြသူ အများအပြားရှိရာ အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုထက်မနည်း ရေကြီးရေလျှံမှုများ ခံစားနေရပြီး အခြေခံပညာကျောင်းအချို့လည်း ယာယီပိတ်ထားရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထန်းတပင်မြို့နယ်တွင် ပြုံးပန်းတစ်ရာခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ရာ အမျိုးသမီးတစ်ဦး သေဆုံး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း