သင်္ကြန်ကာလ၌ လူငယ်များကိုရောင်းချရန် စီစဉ်ထားသည့် ကျပ်သိန်း(၉ဝဝဝ)ကျော်တန်ဖိုးရှိ Happy Water စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ
စော (NP News) - ဧပြီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် ငွေကျပ်သိန်း (၉ဝဝဝ) ကျော်တန်ဖိုးရှိသော Happy Water စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက ယမန့်နေ(ဧပြီလ ၂ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ပြီးခဲ့သည့် မတ်လ(၃၁)ရက်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် ဆိုင်ကယ်မောင်းနှင်လာသော စိုင်းဦးမောင်ကို စစ်ဆေးရှာဖွေ ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ ၎င်းထံမှ ပလပ်စတစ်အိတ်များဖြင့်ထည့်ထားသော COLLAGEN စာတန်းပါ စိတ်ပြောင်း ဆေးဝါး Happy Water(၂)ကီလို နှင့် Royal-D စာတန်းပါပလတ်စတစ်အိတ်များတွင်လည်း Happy Water (၆ ဒသမ ၄)ကီလိုကိုတွေ့ရှိခဲ့ပြီး စုစုပေါင်း ငွေကျပ်သိန်း(၉ဝဝဝ) ကျော် တန်းဖိုးရှိသော စိတ်ပြောင်းဆေးဝါး Happy Water(၈ ဒသမ ၄)ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေ မြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်လာခြင်းဖြစ်ပြီး မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်၌ တာချီလိတ် မြို့ပေါ်ရှိ လူငယ်များကို ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ စိုင်းဦးမောင်အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များကိုလည်း ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
zawgyi version
သၾကၤန္ကာလ၌ လူငယ္မ်ားကိုေရာင္းခ်ရန္ စီစဥ္ထားသည့္ က်ပ္သိန္း(၉ဝဝဝ)ေက်ာ္တန္ဖိုးရွိ Happy Water စိတ္ေျပာင္းေဆးဝါးမ်ားဖမ္းဆီးရမိ
ေစာ (NP News) - ဧၿပီ ၃
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ့႐ိုးရာသၾကၤန္ပြဲေတာ္အတြက္ ေငြက်ပ္သိန္း (၉ဝဝဝ) ေက်ာ္တန္ဖိုးရွိေသာ Happy Water စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္မ်ားက ယမန႔္ေန(ဧၿပီလ ၂ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္မ်ားက သတင္းအရ ၿပီးခဲ့သည့္ မတ္လ(၃၁)ရက္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္တြင္ ဆိုင္ကယ္ေမာင္းႏွင္လာေသာ စိုင္းဦးေမာင္ကို စစ္ေဆးရွာေဖြ ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြခဲ့ရာ ၎ထံမွ ပလပ္စတစ္အိတ္မ်ားျဖင့္ထည့္ထားေသာ COLLAGEN စာတန္းပါ စိတ္ေျပာင္း ေဆးဝါး Happy Water(၂)ကီလို ႏွင့္ Royal-D စာတန္းပါပလတ္စတစ္အိတ္မ်ားတြင္လည္း Happy Water (၆ ဒသမ ၄)ကီလိုကိုေတြ႕ရွိခဲ့ၿပီး စုစုေပါင္း ေငြက်ပ္သိန္း(၉ဝဝဝ) ေက်ာ္ တန္းဖိုးရွိေသာ စိတ္ေျပာင္းေဆးဝါး Happy Water(၈ ဒသမ ၄)ကီလိုကို သိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါ စိတ္ေျပာင္းေဆးဝါးမ်ားသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာေလ ၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ သယ္ေဆာင္လာျခင္းျဖစ္ၿပီး ျမန္မာ့႐ိုးရာႏွစ္သစ္ကူးသၾကၤန္ပြဲေတာ္၌ တာခ်ီလိတ္ ၿမိဳ႕ေပၚရွိ လူငယ္မ်ားကို ျဖန႔္ျဖဴးေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိသူ စိုင္းဦးေမာင္အား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူ မ်ားကိုလည္း ဆက္လက္ ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဟိန္ဒူပွဲတော်အတွင်း အကြမ်းဖက်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း