နေတိုးအဖွဲ့ နှင့် အစ္စရေးတို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို လက်မခံကြောင်း တူရကီသမ္မတပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၆
အမေရိကန်ဦးဆောင်သော နေတိုးမဟာမိတ် အဖွဲ့နှင့် အစ္စရေးအစိုးရအဖွဲ့ကြား မိတ်ဖက် အဖြစ် ဆောင်ရွက်ခြင်းများ မဖြစ်နိုင်ကြောင်း တူရကီသမ္မတအာဒိုဂမ်ကထုတ်ဖော်ပြောဆိုလိုက်သည်။ တူရကီ သမ္မတက ” ပါလက်စတိုင်းအတွက် အလုံးစုံပြီးပြည်စုံတဲ့ ငြိမ်းချမ်းရေးရချိန်အထိ အစ္စရေးနဲ့ နေတိုး အုပ်စုကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုခွင့်ပြုမှာ မဟုတ်ဘူး” ဟုပြောသည်။ အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း တူရကီ နိုင်ငံအပါအဝင် အစ္စလာမ် နိုင်ငံများသည် အစ္စရေးနိုင်ငံကို ဝေဖန်တိုက်ခိုက်ခြင်းများ၊ ပိတ်ပင်တားဆီးခြင်းများ လုပ် ဆောင်ခဲ့ကြောင်းသိရသည်။
တူရကီသမ္မတက ၎င်းတို့အနေဖြင့် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲအဆုံး သတ်ရန်အတွက် သံတမန်ရေးနည်းလမ်း အသုံးပြုခြင်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ် ကြောင်း ထပ်မံပြောဆိုခဲ့သည်။ ထို့ပြင် တူရကီသမ္မတက အမေရိကန် နိုင်ငံနှင့် တူရကီနိုင်ငံကြား အက်ဖ် ၁၆ အမျိုးအစား တိုက်လေယဉ်ရောင်းချမှုများနှင့် ပတ်သက်ပြီး အငြင်း ပွားမှုများကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။ တူရကီသမ္မတက” ကျွန်တော်ဟာ အက်ဖ် ၁၆ တိုက်လေယာဉ် တွေရောင်းချဖို့အတွက် အမေရိကန်သမ္မတနဲ့ ဆွေးနွေးခဲ့တယ်။ ဒီကိစ္စဟာ သီတင်းပတ်သုံးပတ်၊ လေးပတ်အတွင်းဖြေရှင်းလို့ရတဲ့ ပြသာနာမျိုးမဟုတ်ဘူး” ဟုပြောသည်။
တူရကီ သမ္မတသည် အမေရိကန်နိုင်ငံထံမှအက်ဖ် ၁၆ အမျိုးအစား တိုက်လေယာဉ်များ ဝယ်ယူရန်လိုလားခဲ့သော်လည်း အမေရိကန်အထက်လွှတ်တော်သည် တူရကီကို အမေရိကန်ဒေါ်လာ ၂၃ ဘီလျံတန်ဖိုးရှိ အက်ဖ် ၁၆ တိုက်လေယာဉ်များအပြင် အပိုပစ္စည်းများ ရောင်းချရေးနှင့်ပတ်သက်ပြီး ကန့်သတ်တားမြစ်ခဲ့ကြောင်း သိရသည်။ တူရကီသမ္မတက နေတိုးအဖွဲ့ဝင် နိုင်ငံများကြား အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စုစည်းညီညွတ်ရန်လိုအပ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် တူရကီ နိုင်ငံက အကြမ်းဖက်အဖွဲ့စည်းအဖြစ်သတ်မှတ်ထားသော PKK အဖွဲ့နှင့် ဆက်နွှယ်ပြီး တူရကီနှင့် နေတိုး အဖွဲ့ဝင်နိုင်ငံများကြား အငြင်းပွားမှုများရှိနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနှင့်စစ်ပွဲတွင် လူသစ် နှစ်သိန်းနီးပါး စုဆောင်းနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ