Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့စိုက်ပျိုးကုန်များ တင်ပို့ရေး နားလည်မှုစာချွန်လွှာအပါအဝင် သဘောတူညီမှု (၆)ခုကို မြန်မာနှင့်တရုတ်အကြား လက်မှတ်ရေးထိုး

မျိုးကြီး (NP News) - ဧပြီ ၃


မြန်မာနိုင်ငံမှ စိုက်ပျိုးကုန်များ တင်ပို့ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာအပါအဝင် သဘောတူညီမှု (၆)ခုကို မြန်မာနှင့်တရုတ်အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေး မှူး မစ္စတာ ဝမ်နင် ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီလ ၁ ရက်တွင် လာရောက်ခဲ့ကြောင်း သိရသည်။


မစ္စတာဝမ်နင်၏ မြန်မာနိုင်ငံခရီးစဉ်သည် အလုပ်သဘောလာရောက်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်း နစကဘက်မှ အသိပေးထုတ်ပြန်ထားသည်။


ယမန်နေ့(ဧပြီလ ၂ ရက်)တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ မြန်မာ-တရုတ်နှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။


၎င်းအခမ်းအနား၌ ဝန်ကြီးဦးကိုကိုလှိုင် နှင့် မစ္စတာဝမ်နင်တို့၏ ရှေ့မှောက်တွင် သက်ဆိုင် ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံ နှင့် ယူနန်ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း နစကဘက်က ဆို သည်။


ထို့ပြင် နားလည်မှုစာချွန်လွှားများဖြစ်သည့် ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေသြဇာထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၊ ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်းစီမံကိန်းသဘောတူညီချက်တို့ကို မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


ဆက်လက်ပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးကုန်များ တင်ပို့ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာနှင့် တာပိန်(၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တို့ကို မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ တရုတ်နိုင်ငံသည် နံပါတ်တစ်ရင်းနှီးမြှုပ်နှံမှုပါတနာနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။


တရုတ်နိုင်ငံ၏ ကုမ္ပဏီပေါင်း ၅၈၃ ခုသည် မြန်မာနိုင်ငံတွင် တည်ရှိလုပ်ကိုင်လျက်ရှိပြီး ၎င်းတို့ထဲမှ အများစုသည် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အဓိကလုပ်ကိုင်လျက်ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဆိုထားသည်။


အလားတူ ပြီးခဲ့သော မတ်လ ၂၂ ရက်တွင်လည်း တရုတ်နိုင်ငံ(ချုံချင့် ပိရှန်း)ဒေသမှ စီးပွား ရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို မိတ်ဆက်ခဲ့ကြသည်။

zawgyi version

ျမန္မာ့စိုက္ပ်ိဳးကုန္မ်ား တင္ပို႔ေရး နားလည္မႈစာခြၽန္လႊာအပါအဝင္ သေဘာတူညီမႈ (၆)ခုကို ျမန္မာႏွင့္တ႐ုတ္အၾကား လက္မွတ္ေရးထိုး


မ်ိဳးႀကီး (NP News) - ဧၿပီ ၃


ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးကုန္မ်ား တင္ပို႔ေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာနားလည္မႈစာခြၽန္လႊာအပါအဝင္ သေဘာတူညီမႈ (၆)ခုကို ျမန္မာႏွင့္တ႐ုတ္အၾကား လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္းရရွိသည္။


အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီအဖြဲ႕ဝင္ႏွင့္ ယူနန္ျပည္နယ္ပါတီေကာ္မတီအတြင္းေရး မႉး မစၥတာ ဝမ္နင္ ဦးေဆာင္ေသာအဖြဲ႕သည္ ျမန္မာႏိုင္ငံသို႔ ဧၿပီလ ၁ ရက္တြင္ လာေရာက္ခဲ့ေၾကာင္း သိရသည္။


မစၥတာဝမ္နင္၏ ျမန္မာႏိုင္ငံခရီးစဥ္သည္ အလုပ္သေဘာလာေရာက္သည့္ ခရီးစဥ္တစ္ခုျဖစ္ေၾကာင္းလည္း နစကဘက္မွ အသိေပးထုတ္ျပန္ထားသည္။


ယမန္ေန႔(ဧၿပီလ ၂ ရက္)တြင္ ေနျပည္ေတာ္ရွိ Horizon Lake View ဟိုတယ္၌ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္မ်ား လက္မွတ္ေရးပြဲအခမ္းအနားကို က်င္းပခဲ့ေၾကာင္း သိရသည္။


၎အခမ္းအနား၌ ဝန္ႀကီးဦးကိုကိုလႈိင္ ႏွင့္ မစၥတာဝမ္နင္တို႔၏ ေရွ႕ေမွာက္တြင္ သက္ဆိုင္ ရာ တာဝန္ရွိသူမ်ားက ျမန္မာႏိုင္ငံ ႏွင့္ ယူနန္ျပည္နယ္အၾကား ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးလဲလွယ္ခဲ့ၾကေၾကာင္း နစကဘက္က ဆို သည္။


ထို႔ျပင္ နားလည္မႈစာခြၽန္လႊားမ်ားျဖစ္သည့္ ဆန္စပါးေထာက္ပံ့ေရး ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္၊ ဓာတ္ေျမၾသဇာေထာက္ပံ့ေရးပူးေပါင္းေဆာင္႐ြက္မႈသေဘာတူညီခ်က္၊ ေက်ာက္ျဖဴအနာဂတ္ေ႐ြ႕လ်ားေဆးခန္းစီမံကိန္းသေဘာတူညီခ်က္တို႔ကို ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံအၾကား လက္မွတ္ေရးထိုးလဲလွယ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။


ဆက္လက္ၿပီး ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးကုန္မ်ား တင္ပို႔ေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာနားလည္မႈစာခြၽန္လႊာႏွင့္ တာပိန္(၁) ေရအားလွ်ပ္စစ္စခန္း သေဘာတူညီခ်က္တို႔ကို ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။


လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက႑၌ တ႐ုတ္ႏိုင္ငံသည္ နံပါတ္တစ္ရင္းႏွီးျမႇဳပ္ႏွံမႈပါတနာႏိုင္ငံအျဖစ္ ရပ္တည္လ်က္ရွိေၾကာင္း သိရသည္။


တ႐ုတ္ႏိုင္ငံ၏ ကုမၸဏီေပါင္း ၅၈၃ ခုသည္ ျမန္မာႏိုင္ငံတြင္ တည္ရွိလုပ္ကိုင္လ်က္ရွိၿပီး ၎တို႔ထဲမွ အမ်ားစုသည္ စက္မႈကုန္ထုတ္လုပ္ငန္းမ်ားတြင္ အဓိကလုပ္ကိုင္လ်က္ရွိေနေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက ဆိုထားသည္။


အလားတူ ၿပီးခဲ့ေသာ မတ္လ ၂၂ ရက္တြင္လည္း တ႐ုတ္ႏိုင္ငံ(ခ်ဳံခ်င့္ ပိရွန္း)ေဒသမွ စီးပြား ေရးလုပ္ငန္းရွင္မ်ားသည္ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ၿပီး ၎တို႔၏ စီးပြားေရးလုပ္ငန္းမ်ားကို မိတ္ဆက္ခဲ့ၾကသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းအမျိုးသားပါတီအပါအဝင် ထိုင်းနိုင်ငံရေးပါတီများနဲ့ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ မှတ်ပုံတင်အမည်စာရင်တင်သွင်း

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved