Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းအမျိုးသားပါတီအပါအဝင် ထိုင်းနိုင်ငံရေးပါတီများနဲ့ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ မှတ်ပုံတင်အမည်စာရင်တင်သွင်း

ဂျန်ဇက် (NP News) - ဧပြီ ၃


ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာဦးဆောင်တဲ့ ညီညွတ်တဲ့ထိုင်းအမျိုးသားပါတီရဲ့လွှတ် တော်ကိုယ်စားလှယ်လောင်းတွေဟာ ဧပြီလ ၃ ရက်မှာ လာမယ့်ရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ရွေးကောက်ခံကော်မရှင်ထံအမည်စာရင်း မှတ်ပုံတင်လိုက်ပြီဖြစ်ပါတယ်။ 


ထိုင်းနိုင်ငံတဝှမ်းရှိ နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းများဟာ ဧပြီလ ၃ ရက်မှာ City Hall 2 ခန်းမမှာ မေလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲကိုယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ပါတီများ နဲ့ ကိုယ်စားလှယ်လောင်းများမှတ်ပုံတင်ခြင်းကို ဧပြီလ ၃ ရက်ကနေ ဧပြီလ ၈ ရက်အထိ လက်ခံပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရေးပါတီများဟာ မှတ်ပုံတင်အမည်စာရင်းတင်သွင်းဖို့ခွင့်ပြုထားတဲ့ ခန်းထဲကို ဧပြီလ ၃ ရက်မှာ စုရုံးရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။ 


ထိုင်းရွေးကောက်ပွဲကို လာမယ့် မေလ ၁၄ ရက်မှာကျင်းပမှာဖြစ်ရာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ပီယာတွန်တန် ရှင်နာဝါထရာ ၊  Move Forward ပါတီခေါင်း ဆောင် Pita Limjaroenrat တို့နဲ့အကြိတ်အနှယ်ယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်းသိရပါတယ်။ ပရာယွတ်ချန်အိုချာဟာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်အမည်စာရင်းတင်သွင်းချိန်မှာ ထိုင်းဒုတိယဝန်ကြီးချုပ်ပရာဝစ်ဝေါင်ဆူဝမ်နဲ့အတူယှဉ်ပြိုင်နေခဲ့ပြီး ပြုံးပျော်နေရာ နှစ်ဦးကြားကောင်းမွန်တဲ့ ဆက်ဆံရေးများရှိနေကြောင်းသိရပါတယ်။ ချန်အိုချာဟာ အရင်က Palang Pracharath ပါတီမှာ ဝေါင်ဆူဝမ်နဲ့အတူ တာဝန်ယူခဲ့သူများဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ ညီညွတ်တဲ့ ထိုင်းအမျိုးသားပါတီကို ပြောင်းသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ 


ပရာယွတ်ချန်အိုချာက "ကျွန်တော်နဲ့ဝေါင်ဆူဝမ်တို့ဟာ ပုံမှန်အတိုင်းဆွေးနွေးပြောခဲ့တယ်။ ကျွန်တော်တို့နှစ်ဦးက ပြိုင်ဘက်တွေမဟုတ်ဘူး၊ အလုပ်အတူတွဲလုပ်ခဲ့သူတွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံရေးပါတီတွေမတူတော့ပါဘူး"လို့ပြောပါတယ်။ 


နောက်ဆုံးပြုလုပ်ခဲ့သောစစ်တမ်းများထဲမှာ ချန်အိုချာနဲ့ ၎င်းရဲ့ပါတီဖြစ်တဲ့ ညီညွတ်သော ထိုင်းအမျိုးသားပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ Pita Limjaroenrat ဦးဆောင်သော Move Forward ပါတီ၊ သက်ဆင်ရဲ့သမီးဖြစ်သူဦးဆောင်နေသေ ာဖြူထိုင်းပါတီတို့နောက် တတိယရေပန်းအစားဆုံးဖြစ်နေကြောင်းသိရပါတယ်။

zawgyi version

ထိုင္းအမ်ိဳးသားပါတီအပါအဝင္ ထိုင္းႏိုင္ငံေရးပါတီမ်ားနဲ႔ကိုယ္စားလွယ္ေလာင္းမ်ား ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္ဖို႔ မွတ္ပုံတင္အမည္စာရင္တင္သြင္း

ဂ်န္ဇက္ (NP News) - ဧၿပီ ၃


ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာဦးေဆာင္တဲ့ ညီၫြတ္တဲ့ထိုင္းအမ်ိဳးသားပါတီရဲ႕လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္းေတြဟာ ဧၿပီလ ၃ ရက္မွာ လာမယ့္ေ႐ြးေကာက္ပြဲကို ယွဥ္ၿပိဳင္ဖို႔ေ႐ြးေကာက္ခံေကာ္မရွင္ထံအမည္စာရင္း မွတ္ပုံတင္လိုက္ၿပီျဖစ္ပါတယ္။ 


ထိုင္းႏိုင္ငံတဝွမ္းရွိ ႏိုင္ငံေရးပါတီမ်ားနဲ႔ ကိုယ္စားလွယ္ေလာင္းမ်ားဟာ ဧၿပီလ ၃ ရက္မွာ City Hall 2 ခန္းမမွာ ေမလအတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲကိုယွဥ္ၿပိဳင္ဖို႔ မွတ္ပုံတင္ခဲ့ေၾကာင္း သိရပါတယ္။ ထိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္မယ့္ ပါတီမ်ား နဲ႔ ကိုယ္စားလွယ္ေလာင္းမ်ားမွတ္ပုံတင္ျခင္းကို ဧၿပီလ ၃ ရက္ကေန ဧၿပီလ ၈ ရက္အထိ လက္ခံေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ထိုင္းႏိုင္ငံေရးပါတီမ်ားဟာ မွတ္ပုံတင္အမည္စာရင္းတင္သြင္းဖို႔ခြင့္ျပဳထားတဲ့ ခန္းထဲကို ဧၿပီလ ၃ ရက္မွာ စု႐ုံးေရာက္ရွိလာခဲ့ေၾကာင္းသိရပါတယ္။ 


ထိုင္းေ႐ြးေကာက္ပြဲကို လာမယ့္ ေမလ ၁၄ ရက္မွာက်င္းပမွာျဖစ္ရာ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕သမီးျဖစ္သူ ပီယာတြန္တန္ ရွင္နာဝါထရာ ၊  Move Forward ပါတီေခါင္း ေဆာင္ Pita Limjaroenrat တို႔နဲ႔အႀကိတ္အႏွယ္ယွဥ္ၿပိဳင္ရဖြယ္ရွိေနေၾကာင္းသိရပါတယ္။ ပရာယြတ္ခ်န္အိုခ်ာဟာ ေ႐ြးေကာက္ပြဲဝင္ဖို႔ မွတ္ပုံတင္အမည္စာရင္းတင္သြင္းခ်ိန္မွာ ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ပရာဝစ္ေဝါင္ဆူဝမ္နဲ႔အတူယွဥ္ၿပိဳင္ေနခဲ့ၿပီး ၿပဳံးေပ်ာ္ေနရာ ႏွစ္ဦးၾကားေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ားရွိေနေၾကာင္းသိရပါတယ္။ ခ်န္အိုခ်ာဟာ အရင္က Palang Pracharath ပါတီမွာ ေဝါင္ဆူဝမ္နဲ႔အတူ တာဝန္ယူခဲ့သူမ်ားျဖစ္ၿပီး ဒီႏွစ္အေစာပိုင္းမွာ ညီၫြတ္တဲ့ ထိုင္းအမ်ိဳးသားပါတီကို ေျပာင္းသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ 


ပရာယြတ္ခ်န္အိုခ်ာက "ကြၽန္ေတာ္နဲ႔ေဝါင္ဆူဝမ္တို႔ဟာ ပုံမွန္အတိုင္းေဆြးေႏြးေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ႏွစ္ဦးက ၿပိဳင္ဘက္ေတြမဟုတ္ဘူး၊ အလုပ္အတူတြဲလုပ္ခဲ့သူေတြျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ႏိုင္ငံေရးပါတီေတြမတူေတာ့ပါဘူး"လို႔ေျပာပါတယ္။ 


ေနာက္ဆုံးျပဳလုပ္ခဲ့ေသာစစ္တမ္းမ်ားထဲမွာ ခ်န္အိုခ်ာနဲ႔ ၎ရဲ႕ပါတီျဖစ္တဲ့ ညီၫြတ္ေသာ ထိုင္းအမ်ိဳးသားပါတီဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရဖို႔ Pita Limjaroenrat ဦးေဆာင္ေသာ Move Forward ပါတီ၊ သက္ဆင္ရဲ႕သမီးျဖစ္သူဦးေဆာင္ေနေသ ာျဖဴထိုင္းပါတီတို႔ေနာက္ တတိယေရပန္းအစားဆုံးျဖစ္ေနေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တက္ကသိုလ်အနီးတွင် သမီးရည်းစားစကားများရန်ဖြစ်ရာမှ မိန်းကလေးဖြစ်သူ ဓားထိုးခံရမှုဖြစ်ပွား

RECENT POSTS
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved