အိမ်မွေးခွေးတွေကို စားပစ်ခဲ့တဲ့ မိကျောင်းကို ဒေသခံတွေက စွပ်ပြုတ်လုပ်သောက်
Pika (NSS) - ဇွန် ၁၃
ဩစတြေးလျနိုင်ငံ ဝေးလံခေါင်သီတဲ့ ဒေသတစ်ခုမှာ ခွေးတွေကိုစားပစ်တာမျိုးနဲ့ ကလေးငယ်တွေကို လိုက်ဆွဲတာတွေလုပ်ခဲ့တဲ့ ရေငန်မိကျောင်းတစ်ကောင်ကို ဒေသခံတွေက ဖမ်းဆီးပြီး စွပ်ပြုတ်အဖြစ် ချက်စားခဲ့တယ်လို့သိရပါတယ်။
အရှည် (၃ ဒသမ ၆)မီတာရှိတဲ့ မိကျောင်းဟာ ကလေးငယ်တွေနဲ့လူကြီးတွေကို လိုက်ဆွဲတာမျိုးတွေကိုလည်း လုပ်ခဲ့တယ်လို့ မြောက်ပိုင်းနယ်မြေရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ထုတ်ပြန်ချက်မှာ"ဒီမိကျောင်းဟာ ကျေးရွာအတွင်းမှာရှိတဲ့ ခွေးအကောင်ရေများစွာကိုလည်း စားပစ်တာမျိုးတွေရှိခဲ့ပါတယ်'လို့ ရေးသားထားပါတယ်။ ထို့နောက် Bulla အသိုင်းအဝိုင်းမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ မြေပိုင်ရှင်တွေနဲ့ စကားပြောဆိုမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် ဇွန်လ(၁၁)ရက်နေ့မှာ ရဲတပ်ဖွဲ့ဟာ အဲဒီမိကျောင်းကို သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့က "ဒေသခံအသိုင်းအဝိုင်းဟာ ဒီမိကျောင်းကို ရိုးရာဓလေ့အတိုင်းလုပ်ဆောင်တဲ့ ပွဲတော်အတွက် ပြင်ဆင်ခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီမိကျောင်းဟာ ယခုနှစ်အစောပိုင်းက ရေကြီးမှုတွေအတွင်း ဒါဝင်မြို့တောင်ဖက်ကို ခြောက်နာရီလောက်ကားမောင်းရတဲ့ ဒေသက လူနေအိမ်တွေအနီးမှာရှိတဲ့မြစ်ထဲကို ရောက်ရှိခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီမိကျောင်းဟာ အမျိုးမျိုးသောဟင်းပွဲတွေအတွက် အဓိကပါဝင်ပစ္စည်းအဖြစ် အဆုံးသတ်သွားခဲ့တယ်လို့ တပ်ကြပ်ကြီး Andrew McBride ကပြောကြားခဲ့ပါတယ်။
၎င်းက 'ဒီမိကျောင်းကို စွတ်ပြုတ်၊ အသားကင်တို့လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ပြီးတော့ အသားအနည်းငယ်ကို ချက်ပြုတ်ခဲ့တယ်လို့ထင်ပါတယ်။ အဲဒီဒေသမှာ တကယ်ကိုကြီးမားတဲ့ရိုးရာဓလေ့ပွဲတော်တစ်ခု ကျင်းပခဲ့ပါတယ်'လို့ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုင်းတုံမြို့နယ်တွင် TOYOTA HILUX ကားပေါ်မှ ငွေကျပ် ၅ ဒသမ ၇ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ