ရုရှားက သြစတြီးယားသတင်းထောက်အား နှင်ထုတ်
ALynn (NSS) - ဇွန် ၁၁
ရုရှားနိုင်ငံက သြစတြီးယားနိုင်ငံပိုင် ORF ရုပ်သံလိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက် Maria Knips-Witting အား အသိအမှတ်ပြုခြင်းကို ရုတ်သိမ်းလိုက်ပြီး နိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ထုတ်လိုက်သည်။ ထိုကဲ့သို့နှင်ထုတ်ခြင်းသည် ရုရှားဂျာနယ်လစ်တစ်ဦးကို ဖြုတ်ချရန် သြစတြီးယား၏ အစောပိုင်းဆုံးဖြတ်ချက်ကို တုံ့ပြန်သည့် အစီအမံတစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဌာနက ၎င်း၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။
ဧပြီလ ၃၀ ရက်တွင် သြစတြီးယားသည် TASS ရုရှားသတင်းထောက် Ivan Popov အား အသိအမှတ်ပြုမှုကိုရုပ်သိမ်းခဲ့ပြီး နိုင်ငံမှထွက်ခွာရန် အချိန်နှစ်ပတ်ပေးခဲ့သည်။ မေလတွင် ရုရှားသည် သြစတြီးယားသံအမတ်အား ဆင့်ခေါ်ခဲ့ပြီး ဗီယင်နာမှ “၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်မပြင်ဆင်ပါက ရုရှားက လက်တုံ့ပြန်မည်ဖြစ်ကြောင်း”သတိပေးခဲ့သည်။ “ရုရှားကို ဆန့်ကျင်သည့်အနေဖြင့် သြစတြီးယားနိုင်ငံက ဇွန်လ ၇ ရက်နေ့မှာ ရုရှားသတင်းထောက် Popov ကို ဗီယင်နာကနေ ထွက်ခွာခိုင်းခဲ့ပါတယ်”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် သြစတြီးယားသတင်းထောက် Knips-Witting အား "သူမ၏အသိအမှတ်ပြုကတ်များကိုလွှဲပြောင်းပေးပြီး မကြာမီကာလအတွင်း ရုရှားဖက်ဒရေးရှင်း နယ်မြေမှထွက်ခွာရန်" တနင်္လာနေ့ (ဇွန် ၁၀ ရက်) က အမိန့်ပေးခဲ့သည်။
“ဗီယင်နာက ရုရှားသတင်းထောက်တွေကို ခွဲခြားဆက်ဆံတဲ့ အလေ့အကျင့်ကို ဆက်လုပ်နေမည်ဆိုလျှင် သြစတြီးယားသတင်းထောက်များနှင့် ဆက်နွှယ်သော သင့်လျော်သည့် တုံ့ပြန်မှုမျိုးတွေ ချက်ချင်း ဖြစ်လာမှာပါ” ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးခဲ့သည်။
ထို့ပြင် မော်စကိုသည် သြစတြီးယားမှ "ရုရှားမီဒီယာဖြစ်သည့် TASS ကို နိုင်ငံတွင်းသို့ ပြန်လည်ခွင့်ပြု လိုက်သည်နှင့် တစ်ပြိုင်နက် ORF သတင်းထောက်များအား အသိအမှတ်ပြုမှုကို ပြန်လည်ပေး အပ်ရန် မော်စကိုက အဆင်သင့်ဖြစ်နေပြီဟု ဖော်ပြထားသည်။ ORF သည် "ရုရှားနိုင်ငံခြားရေးဌာန၏ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ ၎င်းတို့သည် လွတ်လပ်စွာဖြင့် ရုရှားထံမှ ပြီးပြည့်စုံသော သတင်းအချက်အလက်များရရှိရေး ကိုသာ ဂရုစိုက်လုပ်ဆောင်လုပ်ဆောင်လျက်ရှိကြောင်း” ထုတ်ပြန်ခဲ့သည်။ မော်စကိုသည် ယူကရိန်းတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၎င်း၏ အထူးစစ်ဆင်ရေးကို စတင်ခဲ့ပြီးနောက် အီးယူသည် ရုရှားမီဒီယာများအပေါ် ပြင်းထန်စွာ နှိမ်နင်းခဲ့သည်။ ဘရပ်ဆဲလ်သည် RT နှင့် RIA Novosti အပါအဝင် အခြားသောချန်နယ်အများအပြားကို ပိတ်ဆို့အရေးယူခဲ့ကြောင်း၊ သတင်းအချက်အလက် ခြယ်လှယ်ခဲ့ကြောင်း ရုရှားကဖော်ပြခဲ့သည်။ ထို့ပြင် မော်စကိုက အဆိုပါ ပိတ်ဆို့ကန့်သတ်ချက်များကို အခြေအမြစ်မရှိဘဲ ခွဲခြားဆက်ဆံမှုများအဖြစ် ရှုတ်ချခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေနှင့်ဒေါ်လာဈေးတက်သည့်ကိစ္စ အရေးယူမှုတွင် အရှိန်ဖြင့် ဖိဖိစီးစီးလုပ်သင့်ကြောင်း လုပ်ငန်းရှင်များအကြုံပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ