တတိယအကြိမ်မြောက်ရာထူးသက်တမ်းအတွက် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ကျမ်းသစ္စာကျိန်ဆို
Pika (NSS) - ဇွန် ၁၀
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ဇွန်လ(၉)ရက်နေ့မှာ တတိယအကြိမ်မြောက် ဝန်ကြီးချုပ်ရာထူးသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်းနိုင်ငံခုနစ်နိုင်ငံက ခေါင်းဆောင်တွေ၊ ဘောလိဝုဒ်အကျော်အမော်တွေနဲ့ စက်မှုလုပ်ငန်းရှင်တွေအပါအဝင် ထောင်နဲ့ချီတဲ့ ဂုဏ်သရေရှိသူတွေ တက်ရောက်ခဲ့တဲ့ နယူးဒေလီမြို့ သမ္မတအိမ်တော် Rashtrapati Bhavanမှာ ပြုလုပ်တဲ့ မိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို သမ္မတ Droupadi Murmuက စီမံဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါတယ်။
အသက်(၇၃)နှစ်ရှိပြီဖြစ်တဲ့ မိုဒီဟာ ၎င်းရဲ့ပါတီ BJP ဦးဆောင်တဲ့ National Democratic Alliance (NDA) ညွန့်ပေါင်းအဖွဲ့မှာ ဒေသတွင်းပါတီ(၁၄)ပါတီရဲ့ ထောက်ခံမှုနဲ့အတူ ဇွန်လ (၁)ရက်နေ့မှာ ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲမှာဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက်ရာထူးကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း မိုဒီရဲ့တတိယအကြိမ်မြောက်ရာထူးသက်တမ်းအတွင်း စိန်ခေါ်မှုတွေအများအပြားကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားထားပါတယ်။ အထွေထွေရွေးကောက်ပွဲအပြီးမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ပါတီ Bharatiya Janata Party (BJP)ဟာ အစိုးရဖွဲ့ဖို့ ညွန့်ပေါင်းမဟာမိတ်တွေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာ သဘောတူညီခဲ့ပါတယ်။ မိုဒီရဲ့ BJP ပါတီဦးဆောင်တဲ့ အဖွဲ့ဝင် (၁၅)ဦးပါဝင်တဲ့ National Democratic Alliance (NDA) ညွန့်ပေါင်းအဖွဲ့ဟာ ထိုင်ခုံနေရာ(၂၉၃)နေရာနဲ့အတူ လွှတ်တော်ကို ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်။
BJP ပါတီက ထုတ်ပြန်တဲ့ မဟာမိတ်ကြေညာချက်မှာ 'ကျွန်တော်တို့အားလုံး လေးစားရတဲ့ NDA ခေါင်းဆောင် မိုဒီကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်းရွေးချယ်ခဲ့ပါတယ်။ NDA အစိုးရဟာ အိန္ဒိယရဲ့အမွေအနှစ်တွေကိုထိန်းသိမ်းပြီး နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားမှာပါ'လို့ ရေးသားဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထောင်စုနှစ်ရည်မှန်းချက်များ (Goals to beyound 2000) (ဆောင်းပါး)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ