စစ်ရေးအကူအညီတွေ နှောင့်နှေးမှုအတွက် ယူကရိန်းသမ္မတကို အမေရိကန်သမ္မတတောင်းပန်
Pika (NSS) - ဇွန် ၈
အမေရိကန်အခွန်ထမ်းတွေဆီကနေ ဘီလျံနဲ့ချီတဲ့ အကူအညီတွေ ရရှိဖို့နဲ့ပတ်သက်ပြီး သီတင်းပတ်များစွာ မသေချာမရေရာဖြစ်နေတာတွေအတွက် ယူကရိန်းသမ္မတဇီလန်စကီးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လူသိရှင်ကြားတောင်းပန်ခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အမေရိကန်အစိုးရဟာ အမျိုးသားလုံခြုံရေး ရန်ပုံငွေဥပဒေမူကြမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ(၆၁)ဘီလျံ တောင်းခံခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းအထိ အမေရိကန်လွှတ်တော်က အတည်ပြုနိုင်ခြင်းမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ယူကရိန်းအစိုးရဟာ ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက်မှာ ရှုံးနိမ့်မှုတွေအတွက် အမေရိကန်ရဲ့အကူအညီတွေ နှောင့်နှေးမှုကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဂျိုးဘိုင်ဒန်က 'ရန်ပုံငွေနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ မသိခဲ့တဲ့ သီတင်းပတ်တွေအတွက် ကျွန်တော်တောင်းပန်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်ဟာ ဇီလန်စကီးနဲ့ ပြင်သစ်နိုင်ငံမှာ ဇွန်လ(၇)ရက်နေ့က တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုတောင်းပန်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီဥပဒေမူကြမ်းကို ရပ်တန့်ထားခြင်းအတွက် အမေရိကန်လွှတ်တော်ရဲ့ ကွန်ဆာဗေးတစ်အဖွဲ့ဝင်အချို့ကို ဂျိုးဘိုင်ဒန်က ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဂျိုးဘိုင်ဒန်က 'ကျွန်တော်တို့က ယူကရိန်းနဲ့အဝေးကို ထွက်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ယူကရိန်းနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ'လို့ပြောဆိုခဲ့ပါတယ်။ အမြောက်တွေ၊ HIMARS ဒုံးကျည်လောင်ချာတွေအတွက် ခဲယမ်းမီးကျည်တွေအပါအဝင် ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် နောက်ထပ်အမေရိကန်ဒေါ်လာ (၂၂၅)သန်းကို အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်လာနှင့်ရွှေဈေး ပြန်ကျလာသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက် နေဆဲဖြစ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ