နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အိန္ဒိယနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်အစိုးရဆို
Pika (NP News) - ဒီဇင်ဘာ ၂၅
အိန္ဒိယ Arunachal Pradesh ပြည်နယ်တွင် အိန္ဒိယစစ်တပ်နှင့် တရုတ်စစ်တပ်တို့ကြား တိုက်ပွဲများဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် တရုတ်နိုင်ငံသည် နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ဆက်ဆံရေးတည်ငြိမ်ပြီး ကောင်းမွန်သော တိုးတက်မှုများသို့ ဦးတည်သွားရန်အတွက် အိန္ဒိယနိုင်ငံ နှင့် လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံ က ပြောကြားခဲ့သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က "တရုတ်နဲ့ အိန္ဒိယကြား တိုးတက်ကောင်းမွန်တဲ့ဆက်ဆံရေးကို ရရှိဖို့အတွက် အိန္ဒိယနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကျွန်တော်တို့ဖက်က အဆင်သင့်ပါပဲ" ဟု ပြောဆိုခဲ့သည်၊၊
တရုတ် နှင့် အိန္ဒိယနှစ်နိုင်ငံလုံးသည် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းသိမ်းထားပြီး နယ်စပ်ဒေသများ တည်ငြိမ်ရေးကိုမြှင့်တင်ရန် ကတိပြုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီ က "တရုတ်နဲ့ အိန္ဒိယတို့ဟာ သံတမန်ရေးနဲ့ စစ်ရေးလမ်းကြောင်းကနေတစ်ဆင့် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းသိမ်းထားပြီး နယ်စပ်ဒေသတွေ တည်ငြိမ်ရေးကိုမြင့်တင်ဖို့ ကတိပြုထားကြပါတယ်" ဟု ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် "တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံလုံးဟာ ကြားဖြတ်ကာလအတွင်း နယ်စပ်ဒေသမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့ နှစ်ဖက်လုံးက သဘောတူညီခဲ့ပါတယ်" ဟု ဖော်ပြထားသည်။
တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးသည် အဆက်အသွယ်များ နီးကပ်စွာထားရှိရန် သဘောတူထားကာ စစ်ရေးနှင့် သံတမန်လမ်းကြောင်းများမှ တစ်ဆင့် ကျန်ရှိသည့်ကိစ္စများကို နှစ်ဦးနှစ်ဖက်လက်ခံဖြေရှင်းမှုများ လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Zawgyi Version;
နယ္စပ္ေဒသတည္ၿငိမ္ေရးအတြက္ အိႏၵိယႏိုင္ငံႏွင့္ လက္တြဲလုပ္ေဆာင္ရန္ အသင့္ရွိေၾကာင္း တ႐ုတ္အစိုးရဆို
Pika (NP News) - ဒီဇင္ဘာ ၂၅
အိႏၵိယ Arunachal Pradesh ျပည္နယ္တြင္ အိႏၵိယစစ္တပ္ႏွင့္ တ႐ုတ္စစ္တပ္တို႔ၾကား တိုက္ပြဲမ်ားျဖစ္ပြားၿပီး ရက္ပိုင္းအၾကာတြင္ တ႐ုတ္ႏိုင္ငံသည္ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးႏွင့္ပတ္သက္ၿပီး ေၾကညာခ်က္မ်ား ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံၾကား ဆက္ဆံေရးတည္ၿငိမ္ၿပီး ေကာင္းမြန္ေသာ တိုးတက္မႈမ်ားသို႔ ဦးတည္သြားရန္အတြက္ အိႏၵိယႏိုင္ငံ ႏွင့္ လက္တြဲလုပ္ေဆာင္ရန္ အဆင္သင့္ရွိေၾကာင္း တ႐ုတ္ႏိုင္ငံ က ေျပာၾကားခဲ့သည္။တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီ က "တ႐ုတ္နဲ႔ အိႏၵိယၾကား တိုးတက္ေကာင္းမြန္တဲ့ဆက္ဆံေရးကို ရရွိဖို႔အတြက္ အိႏၵိယႏိုင္ငံနဲ႔ လက္တြဲလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ဖက္က အဆင္သင့္ပါပဲ" ဟု ေျပာဆိုခဲ့သည္၊၊
တ႐ုတ္ ႏွင့္ အိႏၵိယႏွစ္ႏိုင္ငံလုံးသည္ သံတမန္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားကို ထိန္းသိမ္းထားၿပီး နယ္စပ္ေဒသမ်ား တည္ၿငိမ္ေရးကိုျမႇင့္တင္ရန္ ကတိျပဳထားေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီ က ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီ က "တ႐ုတ္နဲ႔ အိႏၵိယတို႔ဟာ သံတမန္ေရးနဲ႔ စစ္ေရးလမ္းေၾကာင္းကေနတစ္ဆင့္ ဆက္သြယ္ေရးလမ္းေၾကာင္းေတြကို ထိန္းသိမ္းထားၿပီး နယ္စပ္ေဒသေတြ တည္ၿငိမ္ေရးကိုျမင့္တင္ဖို႔ ကတိျပဳထားၾကပါတယ္" ဟု ေျပာဆိုခဲ့သည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္တြင္ "တ႐ုတ္နဲ႔ အိႏၵိယႏွစ္ႏိုင္ငံလုံးဟာ ၾကားျဖတ္ကာလအတြင္း နယ္စပ္ေဒသမွာ လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရးကို ထိန္းသိမ္းထားဖို႔ ႏွစ္ဖက္လုံးက သေဘာတူညီခဲ့ပါတယ္" ဟု ေဖာ္ျပထားသည္။
တ႐ုတ္ႏွင့္ အိႏၵိယႏွစ္ႏိုင္ငံလုံးသည္ အဆက္အသြယ္မ်ား နီးကပ္စြာထားရွိရန္ သေဘာတူထားကာ စစ္ေရးႏွင့္ သံတမန္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ က်န္ရွိသည့္ကိစၥမ်ားကို ႏွစ္ဦးႏွစ္ဖက္လက္ခံေျဖရွင္းမႈမ်ား လုပ္ေဆာင္သြားရန္ သေဘာတူညီခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားနပ်အာနောက်တ်က အီလွန်မတ်စ်ခ်ကို ကျော်တက်ပြီး ဘာကြောင့် ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးဖြစ်လာတာလဲ? (ထူးခြားသုတဆောင်းပါး)
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း