ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ အကျဉ်းသား ၇၅ ဦးစီ အပြန်အလှန်လဲလှယ် လွှတ်ပေး
ဂျန်ဇက် (NSS) - ဇွန် ၂
ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ဟာ စစ်ပွဲအတွင်း ဖမ်းဆီးထားတဲ့အကျဉ်းသားတွေကို အပြန်အလှန်လဲလှယ်မှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား အပြန်အလှန်အကျဉ်းသားတွေ လဲလှယ်မှုအစီအစဉ်အရ စစ်ပွဲအတွင်းဖမ်းဆီးခံရတဲ့ ရုရှားစစ်သုံ့ပန်း အနည်းဆုံး ၇၅ ဦး မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ရုရှားစစ်တပ်ကလည်း ဖမ်းဆီးတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
ယူအေအီးနိုင်ငံဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား အကျဉ်းသားတွေ အပြန်အလှန်လဲလှယ်နိုင်အောင် ကြားဝင်စေ့စပ်ကူညီပေးခဲ့ပြီးနောက် နှစ်နိုင်ငံကြား လအတန်ကြာပြီးမှ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကျဉ်းသားတွေ အပြန်အလှန်လဲလှယ်မှုမှုများလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ရုရှားအာဏာပိုင်တွေက ပြန်လွတ်မြောက်လာတဲ့ ရုရှားစစ်သားတွေကို ဆေးဝါးကုသပေးမှုများ ကနဦးလုပ်ဆောင်သွားမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်အောင် ပြုစုစောင့်ရှောက်မယ်လို့ ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ဟာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေပေမယ့် အခြားတစ်ဖက်မှာတော့ ဖမ်းဆီးထားသူတွေကို အပြန်အလှန်လဲလှယ်နေခဲ့ပြီး ဖေဖော်ဝါရီလအတွင်းကလည်း တစ်နိုင်ငံကို အကျဉ်းသား ၁၀၀ စီ လဲလှယ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ မတ်လအတွင်းမှာ ယူကရိန်းစစ်သုံ့ပန်းတွေလိုက်ပါလာတဲ့ လေယာဉ်ပျက်ကျခဲ့ပြီးနောက် နှစ်နိုင်ငံကြား အကျဉ်းသားလဲလှယ်မှုတွေရပ်နားခဲ့ရာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကျဉ်း သားလဲလှယ်မှုတွေ၊ ရုပ်အလောင်းလဲလှယ်မှုတွေ ပြန်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲက ၂ နှစ်ကျော်ကြာလာပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲနိုင်ခြင်းမျိုးမရှိသေးသလို တွေ့ဆုံဆွေးနွေးမှုများမလုပ်ဆောင်နိုင်သေးကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အသစ်ဖြစ်လာမယ့် နူဆန်တာရာမြို့တော်အကြောင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ