လာမယ့်နှစ်ပေါင်း ၅၀ အတွင်း ယူကရိန်းနိုင်ငံရှိတော့မှာမဟုတ်ကြောင်း ကမ္ဘာကျော်သတင်းထောက်တစ်ဦး သုံးသပ်
ဂျန်ဇက် (NSS) - ဇွန် ၂
ယူကရိန်းနိုင်ငံဟာ လာမယ့် နှစ် ၅၀ အတွင်းနိုင်ငံအဖြစ် ဆက်လက်ရှိတော့မှာမဟုတ်ကြောင်း အမေရိကန်နိုင်ငံရဲ့ဝါရင့်သတင်းထောက်ဖြစ်သလို ကမ္ဘာကျော် Fox News ရဲ့အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ တက်ကာကာဆန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံဟာ ယူကရိန်းနိုင်ငံကို သစ္စာဖောက်မှာဖြစ်ပြီး ယူကရိန်းပိုင်နက်တွေကို ရောင်းချပြီးဖျက်ဆီးပစ်မှတ်ဖြစ်သလို ယူကရိန်းနိုင်ငံမှာ ရွှေ့ပြောင်းသွားလာသူတွေနဲ့ ပြည့်နှက်အောင်လုပ်ဆောင်ဖွယ်ရှိနေကြောင်း ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။ အမေရိကန်သတင်းထောက်ဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဂျူနီယာ နဲ့ ပြုလုပ်တဲ့အင်တာဗျူး အစီအစဉ်အတွင်းအခုလိုမျိုး ပြောခဲ့တာဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးစလုံးက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကမ္ဘာကြီးကို တတိယကမ္ဘာစစ်ဖြစ်လာစေဖို့ လုပ်ဆောင်နေပြီးအမေရိကန်နိုင်ငံဟာရုရှားနဲ့ စစ်ပွဲဖြစ်လာဖွယ်ရှိနေကြောင်းသုံးသပ်ပြောဆိုနေပါတယ်။
သတင်းထောက်တက်ကာကာဆန်က "ယူကရိန်းအစိုးရဟာ ယူကရိန်းပိုင်နက်တွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံ့သူတွေထံရောင်းချနေရတယ်။ ယူကရိန်းအစိုးရဟာ ယူကရိန်းကို ကမ္ဘာ့ရွှေ့ပြောင်းသွားလာသူ တတိယအများဆုံး နိုင်ငံဖြစ်အောင်လုပ်ဆောင်နေတယ်။ ဒီပုံစံအတိုင်းဆိုရင် ယူကရိန်းနိုင်ငံဟာ လာမယ့် နှစ် ၅၀ အတွင်းရှိတော့မှာမဟုတ်ဘူး၊ ယူကရိန်းဟာ လာမယ့်နှစ်ပေါင်း ၅၀အတွင်းမှာ နိုင်ငံတစ်နိုင်ငံပုံစံမျိုးရှိမှာမဟုတ်ဘူး။ အမေရိကန်နိုင်ငံဟာလည်း ယခင်တုန်းက အခြားနိုင်ငံတွေအပေါ်လုပ်ဆောင်ခဲ့ဖူးတဲ့အတိုင်း ယူကရိန်းကို သစ္စာဖောက်ဖို့များတယ်"လို့ ပြောပါတယ်။
ကမ္ဘာအကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်တဲ့ Blackrock ဟာ လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံပိုင်နက်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ထရီလျံတန်ဖိုးရှိ ပိုင်ဆိုင်မှုတွေရှိနေကြောင်းသိရပါတယ်။ ဒါ့ပြင် ယူကရိန်းသမ္မတဟာ မြေယာဥပဒေကို ပြင်ဆင်ပြောင်းလဲလိုက်ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ့သူတွေဟာ ယူကရိန်းနိုင်ငံအတွင်း စိုက်ပျိုးနိုင်တဲ့ မြေယာစုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ တက်ကာကာဆန်ဟာ နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်သလို ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့အမေရိကန်အစိုးရကိုဝေဖန်ပြစ်တင်ရာမှာ လူသိများတင်ရှားသူဖြစ်ကာ ရုရှားသမ္မတ ပူတင်နဲ့အင်တာဗျူးခွင့်ရတဲ့ အမေရိကန်သတင်းထောက်တစ်ဦးလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီဆိုင်တိုက်ပွဲကြောင့် နေအိမ်သီးသန့်ပင်လျှင် ကျပ် ဘီလျံ (၂၀) ကျော် ပြည်သူထိခိုက်ဆုံးရှုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ