(G)I-DLE ရဲ့အဖွဲ့ဝင် ဂျောင်ဆိုယွန်း ကျန်းမာရေးကြောင့် အနုပညာလှုပ်ရှားမှုများ အားလုံးယာယီရပ်ဆိုင်း
ရောင်နီ (NSS) - ဇွန် ၂
တောင်ကိုရီးယား အမျိုးသမီးအဖွဲ့ (G)I-DLE ရဲ့ အဖွဲ့ဝင် ဂျောင်ဆိုယွန်းဟာ ကျန်းမာရေးအခြေအနေကြောင့် အနာပညာလှုပ်ရှားမှုအားလုံးကို ယာယီရပ်ဆိုင်း အနားယူသွားမယ်လို့ သိရပါတယ်။
ဒီအကြောင်းကို ဇွန်လ ၁ ရက်နေ့ကမှ Cube Entertainment က ကြေညာခဲ့တာ ဖြစ်ပါတယ်။ မကြာသေးမီက သူမရဲ့ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့်ကောင်းကောင်း အနားယူဖို့ လိုအပ်တယ်လို့ ဆရာဝန်ရဲ့ အကြံပေးချက်အရ သူမဟာ အနုပညာအလုပ်တွေနဲ့ ယာယီအဆက်ပြတ်နေဦးမယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီနေ့ နှောင်းပိုင်းမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ (G)I-DLE ရဲ့ YIZHIYU & (G)I-DLE အော့ဖ်လိုင်း fan signing event မှာလည်း သူမဟာ တက်ရောက်လာနိုင်ခြင်း မရှိခဲ့ပါဘူး။ သူမပြည့်ပြည့်ဝဝ အနားယူပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာမှသာ အနုပညာအလုပ်တွေကို အာရုံ စိုက်နိုင်သွားမယ်လို့ အေဂျင်စီက ဆိုပါတယ်။ ဒီလို ဆုံးဖြတ်ချက်ကိုလည်း ပရိသတ်တွေ နားလည်ပေးဖို့ အေဂျင်စီက ဆိုပါတယ်။
(G)I-DLE ဟာ နာမည်ကျော်ကြားတဲ့ တောင်ကိုရီးယား အမျိုးသမီး K-POP အဖွဲ့ ဖြစ်ပြီး International fan တွေ အများအပြား ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဥ်ကို ကမ္ဘာ့ဘူမိဥယျာဥ်သတ်မှတ်ခံရရေးအတွက် သဘောသဘာဝမတူညီသည့် ဘူမိနယ်မြေအသစ်များ ဆက်လက်ဖော်ထုတ်မည်ဟုဆို
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ