မွေးကင်းစကလေးတွေအတွက် အန္တရာယ်ဖြစ်စေမယ့် Formula brand တွေကို အမေရိကန် FDA အတည်ပြု
ရောင်နီ (NSS) - ဇွန် ၂
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဌာန (FDA)က မွေးကင်းစကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေရှိနေတဲ့ Formula brand တွေနဲ့ပတ်သက်ပြီး သောကြာနေ့(မေလ ၃၁ ရက်) က သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ Brand တွေမှာ Crecelac Infant Powdered Goat-Milk Infant Formula နဲ့ Farmalac Baby Powdered Infant Formula၊ Iron Low Formula တို့ ပါဝင်နေပြီး ၎င်းတို့ကုမ္ပဏီတွေကလည်း ထုတ်ကုန်တွေကို အမေရိကန်မှာ မရောင်းချမီ လိုအပ်တဲ့ကြိုတင်စျေးကွက် အသိပေးချက်တွေလည်း တင်သွင်းခဲ့ခြင်းမရှိဘူးလို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ထုတ်ကုန်တွေကို တက္ကဆက်ရှိ စတိုးဆိုင်တွေမှာ ရောင်းချနေတာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုရှိ အခြားနေရာတွေမှာလည်း ရောင်းချနေလိမ့်မယ်လို့ FDA က ဆိုပါတယ်။
FDA ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ Crecelac ဖော်မြူလာ နမူနာမှာ Cronobacter ဘက်တီးရီးယား ညစ်ညမ်းမှုကို တွေ့ရှိခဲ့ပါတယ်။ Cronobacter ဟာ ဗဟိုအာရုံကြောစနစ်နဲ့ သွေးကြောကို ပြင်းပြင်းထန်ထန်ကူးစက်စေနိုင်ပြီး sepsis နဲ့ ဦးနှောက်အမြှေးရောင်ခြင်းလို အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေအထိ ဖြစ်စေနိုင်ပါတယ်။ ၂၀၂၂ ခုနှစ်က မွေးကင်းစကလေးတွေမှာ Cronobacter ရောဂါပိုး ကူးစက်မှု လေးခုရှိခဲ့ပြီး ၂ ဦးသေဆုံးခဲ့ပါတယ်။ ယေဘူယျအားဖြင့်၊ Cronobacter ဟာ မွေးကင်းစကလေးများ ဦးနှောက်အမြှေးပါး ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ၊ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းနဲ့ သေဆုံးခြင်းအထိ ဖြစ်ပွားနိုင်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများမှ ဖော်ပြချက်အရ သိရပါတယ်။ ရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကတော့ အသားဝါခြင်း၊ စိတ်တိုလွယ်ခြင်း၊ ခန္ဓာကိုယ် အပူချိန်ပြောင်းလဲခြင်းတို့ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် တားမြစ်ထားတဲ့ Formula brand တွေကို မွေးကင်းစကလေးတွေကို တိုက်ကျွေးခြင်း မလုပ်ဖို့ FDA က အကြံပြုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်သန်းကြွယ်သူဌေးကြီး မီဇဝါ လပေါ်ပျံသန်းမယ့် ခရီးစဉ် ပယ်ဖျက်လိုက်ရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ