ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခြေအနေဖြစ်လာသည့် တောင်အာဖရိက အထွေထွေရွေးကောက်ပွဲရလဒ်
ALynn (NSS) - ဇွန် ၁
သမ္မတဟောင်း Jacob Zuma သည် တောင်အာဖရိက အထွေထွေရွေးကောက်ပွဲတွင် မျှော်လင့်ထားသည်ထက် အများဆုံးအနိုင်ရသူအဖြစ် ပေါ်ထွက်လာပြီး ၎င်း၏ခွဲထွက် uMkhonto we Sizwe ပါတီ (MK)သည် အာဏာရ အာဖရိကအမျိုးသားကွန်ဂရက်ပါတီ (ANC) ထံမှအာဏာများခွဲဝေရယူရန် ပြင်ဆင်နေသည်။
သောကြာနေ့ (မေလ ၃၁ ရက်) ညနေခင်းတွင် မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်တွင် MK သည် ၁၉၉၄ ခုနှစ်၊ အသားအရောင်ခွဲခြားမှုများအလွန် ရွေးကောက် ပွဲနောက်ပိုင်း ယခင်ကတစ်ခါမှမရှုံးဖူးသော ANC ပါတီ ဦးဆောင်နေသည့် KwaZulu Natal စီရင်စုတွင်ပါ အာဏာကို ဖြန့်ကျက်နိုင်ခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲရလဒ်များထွက်ပေါ်လာချိန်တွင် MK သည် ထောက်ခံမဲ ၁၃ ရာခိုင်နှုန်းခန့်ဖြင့် တတိယနေရာတွင်ရပ်တည်နိုင်ခဲ့ပြီး ANC က မဲ ၄၁ ရာခိုင်နှုန်းဖြင့် ပထမနေရာ၊ အဓိကအတိုက်အခံပါတီဖြစ်သည့် Democratic Alliance (DA) ပါတီက ၂၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာစသဖြင့် အသီးသီးရပ်တည်နေသည်။ အစဉ်အလာအရ ထောက်ခံမှုရရှိနေသော ANC ၏ အမာခံနယ်မြေများတွင် MK က ကျော်ဖြတ်ကာ အနိုင်ရရှိသွားခြင်းမှာ ရှင်းလင်းပြတ်သားနေသည်။
ယခုအတိုင်းဆိုလျှင် ANC ပါတီသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသား ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် အတိုက်အခံပါတီအချို့၏ ထောက်ခံမှုရရှိရန် ပန်ကြားရမည် ဖြစ်သည်။
ဤရလဒ်များသည် "ANC ပါတီ၏ လွှမ်းမိုးမှုများ တစ်ခေတ်ကုန်ပြီဖြစ်ကြောင်း" ကို အချက်ပြနေသည်ဟုလေ့လာဆန်းစစ်သူ Sizwe Mpofu-Walsh ကဆိုသည်။ Mpofu-Walsh က ANC ၏ ရွေးကောက်ပွဲ ရှုံးနိမ့်မှုသည် အထင်ကြီးလွန်းမှုနှင့် ၎င်းတို့၏ ကျရှုံးမှုများကို လက်မခံခြင်း တို့နှစ်ခု ပေါင်းစပ်နေခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ လွတ်လပ်သောနိုင်ငံရေး သုံးသပ် သူများကလည်း ANC ပါတီသည် လစ်ဘရယ်လှုပ်ရှားမှုလမ်းကြောင်းကိုလိုက်ပြီး မတည်နိုင်သော ကတိများကြောင့် ရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရသည်ဟု ဝေဖန်ကြသည်။ အာဖရိကတစ်လျှောက်တွင် ပါတီများသည် လစ်ဘရယ်လှုပ်ရှားမှုများနောက်လိုက်ပြီး ကျရှုံးသွားတတ်ကြသည်။ ဥပမာအားဖြင့် နမီးဘီးယားတွင် Swapo၊ ဇင်ဘာဘွေတွင် Zanu PFနှင့် တောင်အာဖရိကတွင် ANC ပါတီ တို့သည် သာဓကယူစရာများ ဖြစ်သည်။
ထို့ပြင်အချို့ကလည်း ANC ပါတီ၏ ကျရှုံးမှုသည် စီးပွားရေးမညီမျှမှုများကြောင့်ဟုလည်း သုံးသပ် ကြသည်။ ကမ္ဘာ့ဘဏ်၏ဖော်ပြချက်အရ တောင်အာဖရိက လူဦးရေ ၅၅ ရာခိုင်နှုန်းသည် ဆင်းရဲမွဲ တေမှုကိုရင်ဆိုင်နေရကြောင်းသိရသည်။ နှစ်ပေါင်း ၃၀ လောက်အာဏာကို ချုပ်ကိုင်ခဲ့သော ANC လက်ထက်တွင် ၃၃ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေသည်။ အစဉ်အဆက်အကျင့်ပျက်ခြစား နေခြင်းနှင့် အစိုးရ၏ ညံ့ဖျင်းမှုများက ပြည်သူတို့၏ လူနေမှုပုံစံကို ဆိုးဆိုးရွားရွား အနေအထားသို့ ရောက်အောင် ဖန်တီးနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွေးကင်းစကလေးတွေအတွက် အန္တရာယ်ဖြစ်စေမယ့် Formula brand တွေကို အမေရိကန် FDA အတည်ပြု
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း