ပေါက်ခေါင်း နှင့် သဲကုန်းမြို့နယ်တို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး(၂)ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရ
NSS - ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်နှင့် သဲကုန်းမြို့နယ်တို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး(၂)ကို PDFအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာယမန်နေ့(မေလ ၃၁ ရက်)၊ နေ့လည် ၂ နာရီခွဲအချိန်က ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာအနီး၊ ရွှေဘိုရွာလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “နှစ်ချက်အပစ်ခံရတာ။ လည်ပင်းနဲ့ ကျောကုန်းမှာ ကျည်ထိမှန်ဒဏ်ရာတွေ တွေ့ရတယ်။ သူကကြိုပင်ရွာကပဲ။ ပြည်မှာအိမ်ငှားနေတာ။ ကြိုပင်ရွာကိုလာလာပြီး အသီးလာခူးပြီးပြည်မှာ ပြန်ရောင်းတာ။ အဲဒါမှာ လမ်းမှာပစ်ခံရတာပေါ့။ အဲဒီနားက ကြို့ပင်တို့၊ ဒလမဲအစပ်နားမှာက (၇)ယောက်(၈)ယောက်လောက်ရှိပြီ ပစ်သတ်ခံနေရတာ”ဟု ဖြစ်စဉ်အားသိရှိသည့် ဒေသခံတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် အသက်(၅၀)နှစ်အရွယ် ဦးစိုးညွန့်တွင် လည်ပင်းနှင့်နောက်ကျောတို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ ည ၇ နာရီအချိန်ခန့်တွင် သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကို ပေါင်းတည် PDF အဖွဲ့က နေအိမ်တွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ဝင်းတွင် ဦးခေါင်းနှင့် နောက်ကျောတို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်ကလည်း သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊ အင်ပင်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးထွန်းကို ပေါင်းတည် PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF) က ထုတ်ပြန်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားသားများ တရားမဝင်နေထိုင်ရန် အကူအညီပေးနေသော ကွန်ရက်များကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း