ပါကစ္စတန်နိုင်ငံမှာ ဘတ်စ်ကားတစ်စီးချောက်ထဲကိုထိုးကျခဲ့ရာ အနည်းဆုံးလူ(၂၀)ဦးသေဆုံး
Pika (NSS) - မေ ၂၉
မေလ(၂၉)ရက်နေ့ အစောပိုင်းက ပါကစ္စတန်နိုင်ငံအနောက်ပိုင်းတောင်ပိုင်းမှာ အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ တောင်ထူထပ်တဲ့လမ်းမကြီးပေါ်မှာတိမ်းမှောက်ခဲ့ပြီး လျှိုတစ်ခုအတွင်းသို့ထိုးကျခဲ့ရာ အနည်းဆုံးခရီးသည်(၂၀)ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အဲဒီဘတ်စ်ကားဟာ ဘလိုချီစတန်ပြည်နယ် တာဘတ်မြို့ကနေ Quetta မြို့ကို သွားနေစဉ်အချိန်အတွင်း ဝါ့ရှက်ခ်မြို့မှာယခုလိုဖြစ်ပွားခဲ့တာလို့ ဒေသတွင်းရဲအရာရှိ အက်စ်ဂါအလီကပြောကြားခဲ့ပါတယ်။ ဒေသတွင်းမီဒီယာတွေက တင်ထားတဲ့ဓါတ်ပုံတွေမှာ ကျောက်ဆောင်တွေရှိတဲ့လျှိုရဲ့အောက်ခြေမှာရှိနေတဲ့ ဘတ်စ်ကားအပျက်အစီးတွေကို တွေ့မြင်ခဲ့ရပါတယ်။အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ပြည်ထဲရေးဝန်ကြီးမိုရှင်နက်ဗီက ပြောကြားခဲ့ပါတယ်။ ယာဉ်စည်းကမ်းနဲ့ဘေးကင်းရေးစံနှုန်းတွေကို လိုက်နာမှုမရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ လမ်းမတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ယခုလအစောပိုင်းက အလားတူမတော်တဆမှုမျိုးဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၀)ဦးသေဆုံးကာ အခြားလူ(၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဖွဲ့ဝင်ဖြစ်ရေးအဆိုပြုချက်အသစ်အား BRICS လက်ခံရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း