အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ပေါင်း(၁၀၀)ကျော်အတွင်း အပူချိန်စံချိန်တင်မြင့်တက်
Pika (NSS) - မေ ၂၉
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မေလ(၂၈)ရက်နေ့က အပူချိန်(၄၉ ဒသမ ၉)ဒီဂရီဆဲလ်ဆီးယက်အထိမြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပေါင်း(၁၀၀)ကျော်အတွင်း မှတ်တမ်းတင်ထားသမျှထဲမှာ စံချိန်တင်အမြင့်ဆုံးဖြစ်တယ်လို့ အိန္ဒိယမိုးလေဝသဗျူရိုကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် နယူးဒေလီမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်နှစ်ခုဖြစ်တဲ့ Narela နဲ့ Mungeshpur တို့မှာလည်း အပူချိန်စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ပြင်းထန်တဲ့အပူလှိုင်းအခြေအနေတွေကို အစီရင်ခံတဲ့ အိန္ဒိယမိုးလေဝသဌာန (IMD) ကပြောကြားခဲ့ပါတယ်။ မေလ(၂၉)ရက်နေ့မှာလည်း အလားတူအပူချိန်ထိရှိနေမယ်လို့ မိုးလေဝသကြိုတင်ခန့်မှန်းသူတွေက ခန့်မှန်းခဲ့ပါတယ်။၂၀၂၂ ခုနှစ်မေလက နယူးဒေလီမြို့ရဲ့ အစိတ်အပိုင်းတွေမှာ အပူချိန်က (၄၉ ဒသမ ၂)ဒီဂရီဆဲလ်ဆီးယက်ထိ မြင့်တက်ခဲ့တယ်လို့လည်း သိရပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေဟာ အပူလှိုင်းဖြတ်သန်းမှုတွေကို ပိုမိုရှည်ကြာပြင်းထန်စေခဲ့တာဖြစ်တယ်လို့ နှစ်ပေါင်းများစွာ သိပ္ပံနည်းကျ သုတေသနပြုချက်တွေအရ သိရပါတယ်။ ပြင်းထန်တဲ့အပူလှိုင်းတွေ ဖြတ်သန်းနေမှုနဲ့အတူ မြို့တော်ရဲ့နေရာအချို့မှာ သောက်သုံးရေပြတ်လပ်နိုင်ခြေနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို နယူးဒေလီမြို့အာဏာပိုင်တွေက သတိပေးထားတယ်လို့ သိရပါတယ်။
ရေတွေကို မလိုအပ်ဘဲ မဖြုန်းတီးကြဖို့နဲ့ ရေတွေစုဆောင်းထားကြဖို့ ရေသယံဇာတဝန်ကြီး အေတီရှီမာလီနာက တောင်းဆိုခဲ့တယ်လို့ Times of India သတင်းစာက မေလ(၂၉)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။ အေတီရှီမာလီနာက 'ရေရှားပါးမှု ပြဿနာကိုဖြေရှင်းဖို့အတွက် နေရာအများအပြားမှာ ရေပေးဝေမှုတွေကို နှစ်ကြိမ်ကနေတစ်ကြိမ်ကို လျှော့ချတဲ့ အစီအစဉ်မျိုးတွေ ကျွန်မတို့လုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီလိုသိမ်းဆည်းထားတဲ့ရေတွေကို ရေရှားပါးတဲ့ဒေသတွေကို ခွဲတမ်းနဲ့ မျှဝေပေးသွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားကို သံဘေလီတံတားဖြင့် အစားထိုးတည်ဆောက်ပြီးဖြစ်၍ကားများဖြင့် စမ်းသပ်ဖြတ်သန်းမှုပြုလုပ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ