Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ်လမ်း ပိတ်ထားမှု (၅)ရက်ရှိပြီဖြစ်ကာ ကားအစီးရေ ရာချီပိတ်မိနေပြီး ကုန်စည်စီးဆင်းမှုအပေါ် များစွာထိခိုက်နေ

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၅

တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်း ပိတ်ဆို့ထားမှုမှာ (၅)ရက်မြောက်ရှိလာပြီဖြစ်ကာ ကားအစီးရေ ရာချီပိတ်မိနေပြီး ကုန်စည်စီးဆင်းမှုအပေါ် များစွာထိခိုက်နေကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်ရှိ ကော့နွယ်တံတားအနီးတစ်ဝိုက် အာရှလမ်း တွင် ဒီဇင်ဘာလ၂၁ ရက်၊ ညနေ ၅ နာရီအချိန်ခန့်မှစတင်ကာ ပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလမ်းအား ယနေ့(ဒီဇင်ဘာလ ၂၅ ရက်)အထိ ပိတ်ဆို့ထားဆဲဖြစ်ပြီး ကားအစီးရေ ရာချီကာ ပိတ်မိနေကြောင်း ဒေသခံများက NP News ကို ပြောဆိုထား သည်။

ကော့ကရိတ်မြို့နှင့်အနီးတစ်ဝိုက်တွင် ယခုဒီဇင်ဘာလလယ်ပိုင်းခန့်မှစတင်ကာ တပ်မတော် နှင့် KNLA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာလ ၂၄ ရက်တွင် ကော့ကရိတ်မြို့အထွက် ကော့နွယ်ကွေ့၌ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့က ညနေကတော့ ပွဲကြမ်းသွားတာပေါ့။ အဲဒီနေရာမှာပဲ ရဟတ်ယာဉ်ပျံပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်ဖြစ်တော့ ထိခိုက်သေဆုံးမှုတွေကတော့ နှစ်ဖက်ကြားမှာ ရှိနိုင်တာပေါ့။ ပန်းနဲ့ပေါက်တာမှ မဟုတ်တာ။ ကြားရ၊ မြင်ရတွေ့ရတာက တော်တော်ကြီးကို အဆင်မပြေဘူးပေါ့ဗျာ။ ရွာတွေလည်း ကြေနေပြီ” ဟု ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ငါးတိုင်ရွာမှ တံတားကျိုးစစ်ဆေးရေးဂိတ်ဝန်းကျင်အထိ ကားအစီးရေ ရာချီပိတ်မိနေကာ အများစုမှာ ၁၂ ဘီးကုန်တင်ကားများနှင့် မှန်လုံကားများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရန်အတွက် ဂေါ်ဖီထုပ်များ သယ်ဆောင်လာသည့် ကုန် ကားများမှာ လမ်းပိတ်ဆို့နေမှုကြောင့် ရရာဈေးနှုန်းဖြင့် အရှုံးခံကာ ရောင်းချနေရမှုများရှိကြောင်း ဒေသခံများက ဆိုကြသည်။

“ထိုင်းကို ပို့ဖို့ ကားကြီးတွေနဲ့တင်လာတဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတွေကို ကားတွေကဆက်တက်လို့မရပဲ လမ်းမှာပဲပိတ်မိနေတော့ ဆက်ထားရင်လည်း ရက်ကလွန်ပြီးပျက်စီးကုန်မှာဆိုတော့ ကျုံဒိုးမြို့မှာ ဈေးအများကြီးလျှော့ပြီး ရောင်းပေးနေတာ တွေ့ရတယ်။ တစ်ထုပ်ကို ၂ဝဝ တဲ့ အလကားနီးပါဈေးနဲ့ရောင်းနေတာ။ ပိုင်ရှင်တွေအတွက် စိတ်မကောင်းပါဘူး”ဟု ကျုံဒိုးမြို့ခံတစ်ဦးက အသိပေးပြောဆိုထားသည်။

ထို့ပြင် မြဝတီမှ ကော့ကရိတ်သို့ အပြန်အလှန် မဖြစ်မနေသွားရမည့် ကားများအနေ ဖြင့် တောလမ်းတစ်ခုဖြစ်သော ထော့်ကော်ကိုးလမ်းကို အသုံးပြုကာ သွားလာနေကြကြောင်း ဒေသခံများက ဆိုသည်။ “ထော့်ကော်ကိုးလမ်းမှာတော့ သွားနေကြတယ်။ ဒါပေမယ့် တွဲကားတွေတော့ သွားလို့မရဘူး။ ခြောက်ဘီးကားလောက်ပဲ သွားလို့ အဆင်ပြေမယ်။ လမ်းကနည်းနည်းကျဉ်းတယ်။ အတက်အဆင်းနည်းနည်းကြမ်းတယ်။ သူက တောလမ်းပုံစံမျိုးပေါ့။ ၁၂ ဘီးကားတော့ သွားလို့မရဘူး” ဟု သင်္ဃန်းညီနောင်ကျေးရွာမှ ဒေသခံတစ်ဦးက NP News ကိုပြောဆိုထားသည်။

ထိုသို့ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းအား ပိတ်ဆို့ထားမှုမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားနိုင်ပြီး ပြည်သူလူထုအတွက် အခက်တွေ့လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“တစ်ဖက်ကလည်း သူတို့ယုံကြည်ချက်နဲ့ သူတို့အလုပ်လုပ်ကြတယ်။ တစ်ဖက်ကလည်း ဥပဒေနဲ့အညီဆိုတော့ ကြားထဲမှာ ပြည်သူက မြေဇာပင်ဖြစ်တာပဲဗျ။ ကျွန် တော်တို့က ဒီလိုမျိုးဆိုးတဲ့ဘဝတွေ ဖြတ်သန်းခဲ့ပြီးမှ ရာနှုန်းပြည့်လောက် ငြိမ်းချမ်း တဲ့အခြေအနေအထိကို ရောက်ခဲ့ဖူးတယ်လေ။ အခုလိုမျိုးပြန်ပြီးတော့ ယခင်ထက်ကို ပိုပြီးတော့ ဆိုးဝါးလာတဲ့အနေ အထားတွေဆိုတော့ ဒေသခံအနေနဲ့ပြောရမယ်ဆိုရင် ဘယ်လိုမှ ရင်ထဲမှာ မကောင်းဘူးဗျ။ ကုန်စည်စီးဆင်းမှုတွေ နောက် ကျတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် အများကြီး အခက်တွေ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဆိုက်ကား သမားကစလို့ ကုန်သည်၊ ပွဲစား၊ ယာဉ်ပိုင်ရှင်တွေအထိကို ထိခိုက်တာပဲလေ။ အဲဒါဆိုတော့ အားလုံးထိခိုက်တာပဲပေါ့” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက မှတ်ချက်ပြုပြောဆိုထားသည်။

လက်ရှိအချိန်အထိ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းများတွင် တံတားအစင်းရေး (၃)စင်းထက်မနည်းမှာလည်း မိုင်းထောင်ဖောက်ခွဲခံထားရကြောင်း သိရသည်။


zawgyi version

တိုက္ပြဲမ်ားေၾကာင့္ ျမဝတီ-ေကာ့ကရိတ္လမ္း ပိတ္ထားမႈ (၅)ရက္ရွိၿပီျဖစ္ကာ ကားအစီးေရ ရာခ်ီပိတ္မိေနၿပီး ကုန္စည္စီးဆင္းမႈအေပၚ မ်ားစြာထိခိုက္ေန

မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၅

တိုက္ပြဲမ်ားေၾကာင့္ ျမဝတီ-ေကာ့ကရိတ္အာရွလမ္း ပိတ္ဆို႔ထားမႈမွာ (၅)ရက္ေျမာက္ရွိလာၿပီျဖစ္ကာ ကားအစီးေရ ရာခ်ီပိတ္မိေနၿပီး ကုန္စည္စီးဆင္းမႈအေပၚ မ်ားစြာထိခိုက္ေနေၾကာင္း သိရသည္။

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕အထြက္ရွိ ေကာ့ႏြယ္တံတားအနီးတစ္ဝိုက္ အာရွလမ္း တြင္ ဒီဇင္ဘာလ၂၁ ရက္၊ ညေန ၅ နာရီအခ်ိန္ခန႔္မွစတင္ကာ ပိတ္ဆို႔ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

အဆိုပါလမ္းအား ယေန႔(ဒီဇင္ဘာလ ၂၅ ရက္)အထိ ပိတ္ဆို႔ထားဆဲျဖစ္ၿပီး ကားအစီးေရ ရာခ်ီကာ ပိတ္မိေနေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာဆိုထား သည္။

ေကာ့ကရိတ္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ ယခုဒီဇင္ဘာလလယ္ပိုင္းခန႔္မွစတင္ကာ တပ္မေတာ္ ႏွင့္ KNLA ပူးေပါင္းအဖြဲ႕တို႔အၾကား တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ဒီဇင္ဘာလ ၂၄ ရက္တြင္ ေကာ့ကရိတ္ၿမိဳ႕အထြက္ ေကာ့ႏြယ္ေကြ႕၌ အ ျပင္းအထန္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“မေန႔က ညေနကေတာ့ ပြဲၾကမ္းသြားတာေပါ့။ အဲဒီေနရာမွာပဲ ရဟတ္ယာဥ္ပ်ံၿပီးေနာက္ပိုင္း တိုက္ပြဲေတြ ဆက္ျဖစ္ေတာ့ ထိခိုက္ေသဆုံးမႈေတြကေတာ့ ႏွစ္ဖက္ၾကားမွာ ရွိႏိုင္တာေပါ့။ ပန္းနဲ႔ေပါက္တာမွ မဟုတ္တာ။ ၾကားရ၊ ျမင္ရေတြ႕ရတာက ေတာ္ေတာ္ႀကီးကို အဆင္မေျပဘူးေပါ့ဗ်ာ။ ႐ြာေတြလည္း ေၾကေနၿပီ” ဟု ေကာ့ကရိတ္ၿမိဳ႕ ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ငါးတိုင္႐ြာမွ တံတားက်ိဳးစစ္ေဆးေရးဂိတ္ဝန္းက်င္အထိ ကားအစီးေရ ရာခ်ီပိတ္မိေနကာ အမ်ားစုမွာ ၁၂ ဘီးကုန္တင္ကားမ်ားႏွင့္ မွန္လုံကားမ်ားျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။ ထိုင္းႏိုင္ငံဘက္သို႔ တင္ပို႔ရန္အတြက္ ေဂၚဖီထုပ္မ်ား သယ္ေဆာင္လာသည့္ ကုန္ ကားမ်ားမွာ လမ္းပိတ္ဆို႔ေနမႈေၾကာင့္ ရရာေဈးႏႈန္းျဖင့္ အရႈံးခံကာ ေရာင္းခ်ေနရမႈမ်ားရွိေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္။

“ထိုင္းကို ပို႔ဖို႔ ကားႀကီးေတြနဲ႔တင္လာတဲ့ ေဂၚဖီထုပ္၊ ပန္းေဂၚဖီေတြကို ကားေတြကဆက္တက္လို႔မရပဲ လမ္းမွာပဲပိတ္မိေနေတာ့ ဆက္ထားရင္လည္း ရက္ကလြန္ၿပီးပ်က္စီးကုန္မွာဆိုေတာ့ က်ဳံဒိုးၿမိဳ႕မွာ ေဈးအမ်ားႀကီးေလွ်ာ့ၿပီး ေရာင္းေပးေနတာ ေတြ႕ရတယ္။ တစ္ထုပ္ကို ၂ဝဝ တဲ့ အလကားနီးပါေဈးနဲ႔ေရာင္းေနတာ။ ပိုင္ရွင္ေတြအတြက္ စိတ္မေကာင္းပါဘူး”ဟု က်ဳံဒိုးၿမိဳ႕ခံတစ္ဦးက အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ျမဝတီမွ ေကာ့ကရိတ္သို႔ အျပန္အလွန္ မျဖစ္မေနသြားရမည့္ ကားမ်ားအေန ျဖင့္ ေတာလမ္းတစ္ခုျဖစ္ေသာ ေထာ့္ေကာ္ကိုးလမ္းကို အသုံးျပဳကာ သြားလာေနၾကေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ေထာ့္ေကာ္ကိုးလမ္းမွာေတာ့ သြားေနၾကတယ္။ ဒါေပမယ့္ တြဲကားေတြေတာ့ သြားလို႔မရဘူး။ ေျခာက္ဘီးကားေလာက္ပဲ သြားလို႔ အဆင္ေျပမယ္။ လမ္းကနည္းနည္းက်ဥ္းတယ္။ အတက္အဆင္းနည္းနည္းၾကမ္းတယ္။ သူက ေတာလမ္းပုံစံမ်ိဳးေပါ့။ ၁၂ ဘီးကားေတာ့ သြားလို႔မရဘူး” ဟု သဃၤန္းညီေနာင္ေက်း႐ြာမွ ေဒသခံတစ္ဦးက NP News ကိုေျပာဆိုထားသည္။ ထိုသို႔ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းပိုင္းအား ပိတ္ဆို႔ထားမႈမွာ အခ်ိန္ၾကာျမင့္လာသည္ႏွင့္အမွ် ကုန္စည္စီးဆင္းမႈမ်ား ျပတ္ေတာက္သြားႏိုင္ၿပီး ျပည္သူလူထုအတြက္ အခက္ေတြ႕လာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။

“တစ္ဖက္ကလည္း သူတို႔ယုံၾကည္ခ်က္နဲ႔ သူတို႔အလုပ္လုပ္ၾကတယ္။ တစ္ဖက္ကလည္း ဥပေဒနဲ႔အညီဆိုေတာ့ ၾကားထဲမွာ ျပည္သူက ေျမဇာပင္ျဖစ္တာပဲဗ်။ ကြၽန္ ေတာ္တို႔က ဒီလိုမ်ိဳးဆိုးတဲ့ဘဝေတြ ျဖတ္သန္းခဲ့ၿပီးမွ ရာႏႈန္းျပည့္ေလာက္ ၿငိမ္းခ်မ္း တဲ့အေျခအေနအထိကို ေရာက္ခဲ့ဖူးတယ္ေလ။ အခုလိုမ်ိဳးျပန္ၿပီးေတာ့ ယခင္ထက္ကို ပိုၿပီးေတာ့ ဆိုးဝါးလာတဲ့အေန အထားေတြဆိုေတာ့ ေဒသခံအေနနဲ႔ေျပာရမယ္ဆိုရင္ ဘယ္လိုမွ ရင္ထဲမွာ မေကာင္းဘူးဗ်။ ကုန္စည္စီးဆင္းမႈေတြ ေနာက္ က်တယ္။ အလုပ္အကိုင္အခြင့္အလမ္းေတြအတြက္ အမ်ားႀကီး အခက္ေတြ႕တယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဆိုက္ကား သမားကစလို႔ ကုန္သည္၊ ပြဲစား၊ ယာဥ္ပိုင္ရွင္ေတြအထိကို ထိခိုက္တာပဲေလ။ အဲဒါဆိုေတာ့ အားလုံးထိခိုက္တာပဲေပါ့” ဟု ေကာ့ကရိတ္ၿမိဳ႕ခံတစ္ဦးက မွတ္ခ်က္ျပဳေျပာဆိုထားသည္။

လက္ရွိအခ်ိန္အထိ ဘားအံ-ေကာ့ကရိတ္-ျမဝတီ အာရွလမ္းပိုင္းမ်ားတြင္ တံတားအစင္းေရး (၃)စင္းထက္မနည္းမွာလည္း မိုင္းေထာင္ေဖာက္ခြဲခံထားရေၾကာင္း သိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အိန္ဒိယနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်အစိုးရဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved