ယူကရိန်းအား နေတိုးဒုံးကျည်အကာအကွယ်များ ထောက်ပံ့ပေးရန် တောင်းဆိုချက်ကို ဂျာမနီ ကန့်ကွက်
ALynn (NSS) - မေ ၂၈
သမ္မတဗလာဒီမာဇီလန်စကီး၏ ယူကရိန်းအတွက် "နေတိုးဒုံးကျည်အကာအကွယ်" များ တောင်းဆိုခြင်းမှာ အရမ်းလွန်သည်ဟု ဂျာမနီအစိုးရ ပြောရေးဆိုခွင့်ရှိသူ Steffen Hebestreit က တနင်္လာနေ့ (မေလ ၂၇ ရက်) တွင် ပြောကြားလိုက်သည်။
အမေရိကန်နှင့် ဗြိတိန်တို့က အစ္စရေးကို ပစ်မှတ်ထားသည့် အီရန်ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ချသကဲ့သို့ နေတိုးသည်လည်း ၎င်းတို့၏ပိုင်နက်ထဲမှနေ၍ ရုရှားဒုံးကျည်များကို ပစ်ချသင့်သည်ဟု ယူကရိန်းသမ္မတက New York Times သတင်းဌာနသို့ ပြီးခဲ့သည့် သီတင်းပတ်က အသိပေးပြောကြားခဲ့သည်။ “ကျွန်ုပ်တို့အမြင်အရတော့ ဒါဟာ ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါက ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ကိစ္စမဟုတ်ပါဘူး”ဟု Hebestreit က ဘာလင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း ထိုတောင်းဆိုချက်ကို ပယ်ချခဲ့ပြီး နေတိုးမဟာမိတ်အဖွဲ့သည် ပဋိပက္ခ၏အစိတ်အပိုင်းဖြစ်လာမည်မဟုတ်ကြောင်း ဂျာမန်အခြေစိုက် Welt am Sonntag အား ပြောကြားခဲ့သည်။ Stoltenberg က "ယူကရိန်းသို့ နေတိုးတပ်များ စေလွှတ်ရန် သို့မဟုတ် နေတိုး၏ လေကြောင်းရန်ကာကွယ်ရေးဒိုင်းများကို ယူကရိန်းတွင် တိုးချဲ့ရန် အစီအစဉ်မရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။ ယင်း အစား နေတိုးအဖွဲ့အကြီးအကဲက ဇီလန်စကီး၏ တောင်းဆိုချက်နောက်တစ်ခုဖြစ်သည့် ရုရှားမြေတွင် နေတိုးမှပေးသော လက်နက်များ အသုံးပြုမှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေးရန် သဘောတူဖို့ အဆိုပြုခဲ့သည်။
သို့သော်လည်း နေတိုး၏အဖွဲ့ဝင်အချို့က ယင်းအယူအဆကို ဆန့်ကျင်ကန့်ကွက်ထားပြီးဖြစ်သည်။ နေတိုးသည် ယူကရိန်းထံ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် စက်ပစ္စည်းများ ပိုမိုထောက်ပံ့ပေးသွားမည်ဟုလည်း ကတိပြုထားသည်။ Stoltenberg သည် ငါးနှစ်စီမံကိန်းအနေဖြင့် ယူကရိန်းအား စစ်ရေးအကူအညီ ယူရို ၁၀၀ ဘီလျံ (ဒေါ်လာ ၁၀၈ ဘီလျံ) ပေးအပ်ရန် အကောင်အထည်ဖော်ခဲ့သော်လည်း အဖွဲ့ဝင်အချို့က ယင်းငွေများကို မည်သို့ မည်ပုံရအောင်လုပ်ရမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ ရုရှားက အဆိုပါ ထောက်ပံ့မှုများသည် ပဋိပက္ခ၏ရလဒ်ကို ပြောင်းလဲမည်မဟုတ်ဘဲ တိုက်ပွဲများ ကိုသာ ပိုမိုရှည်ကြာစေကာ ရုရှားနှင့် နေတိုးတို့ကြား ထိပ်တိုက်တွေ့မည့် အန္တရာယ်ကို တိုးမြင့်လာစေမည်ဖြစ်ကြောင်း အကြိမ်ကြိမ်သတိပေးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် (၈)ဦးကို မိဘများထံသို့ ပြန်လည်အပ်နှံ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ