ပိုလန်က ရုရှားသံတမန်များအပေါ် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ ချမှတ်
ALynn (NSS) - မေ ၂၈
ပိုလန်က ရုရှားသံတမန်အရာရှိများကို ၎င်းတို့တာဝန်ကျနေသော ပြည်နယ်များတွင် ကန့် သတ်ထားမည်ဖြစ်ကြောင်းနှင့် ပိုလန်အစိုးရက ရုရှားအား “ပေါင်းစပ်စစ်ပွဲ” ဆင်နွှဲနေသည်ဟု စွပ်စွဲခဲ့သည်။
ရုရှားသည် ဝါဆောရှိသံရုံးအပြင် Krakow၊ Gdansk နှင့် Poznan ပြည်နယ်များတွင် ကောင်စစ်ဝန်ရုံးများထားရှိထားသည်။ “ဥရောပသမဂ္ဂနဲ့ ပိုလန်ကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲတွင် ရုရှားပါဝင်ပတ်သက်နေခြင်းကြောင့် ပိုလန်က ယခုကဲ့သို့ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်းဖြစ်ကြောင်း”ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski က ဘရပ်ဆဲလ်၌ ပြုလုပ်သည့် EU ဝန်ကြီးများအစည်းအဝေးအပြီး တနင်္လာနေ့ (မေလ ၂၇ ရက်) တွင် ပြောကြားခဲ့သည်။ “ပိုလန်နိုင်ငံတွင်းက အဖျက်အမှောင့်လုပ်ငန်းများတွင် ရုရှားပါဝင်ပတ်သက်နေမှု အထောက်အထားများရှိကြောင်း၊ ရုရှားအစိုးရက ယခုဆုံးဖြတ်ချက်အား သတိပေးအချက်ပြမှုအဖြစ် သဘောထားမည်ဟု မျှော်လင့်ကြောင်း၊ အီးယူအနှံ ၎င်းကဲ့သို့လုပ်ဆောင်သင့်ကြောင်း”ကိုလည်း Sikorski က ပြောကြားခဲ့သည်။ ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် ဆွီဒင်တို့တွင် စီးပွားရေး ဆိုင်ရာ အဆောက်အဦများကို ရုရှားက တိုက်ခိုက်ရန် ကြံစည်ခဲ့သည်ဟု ဝါဆောက စွပ်စွဲခဲ့ သော်လည်း သက်သေမပြနိုင်ပေ။ ပိုလန်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရုရှားဘက်က ယခုထိ တုံ့ပြန်ခြင်းမရှိသေးပေ။
ပိုလန်ဝန်ကြီးချုပ် Donald Tusk က ရုရှားနိုင်ငံကိုယ်စား အဖျက်အမှောင့်လုပ်ရန်ကြံစည်မှုတွင် သံသယဖြစ်ဖွယ် ယူကရိန်း၊ ဘီလာရုစ်နှင့် ပိုလန်နိုင်ငံသား ကိုးဦးကို ဖမ်းဆီးထားကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က TVN24 သို့ ပြောကြားခဲ့သည်။ လစ်သူယေးနီးယားရှိ Ikea ပရိဘောဂ စက်ရုံနှင့် Wroclaw မြို့ရှိ ဆေးသုတ်စက်ရုံတို့အား မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းမှုဖြင့် ၎င်းတို့အား ဖမ်းဆီးထားခြင်းဖြစ်ကြောင်း Tusk မှ ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်လက ဗြိတိန်အာဏာပိုင်များသည် အမျိုးသားလုံခြုံရေးအက်ဥပဒေသစ်အရ လန်ဒန်ရှိဂိုဒေါင်နှစ်လုံးအား မီးရှို့ရန် ပြုလုပ် ခဲ့သည့် လူလေးဦးအား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။
ပြီးခဲ့သည့်ဒီဇင်ဘာလကမှ အာဏာရလာသော ပိုလန်အစိုးရသစ်သည် ၎င်း၏ ရှေ့ခေါင်းဆောင်က ချမှတ်ခဲ့သည့် မူဝါဒအတိုင်း ရုရှား-ယူကရိန်းပဋိပက္ခအတွင်း ယူကရိန်းကို ပံ့ပိုးပေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ပိုလန်က ရုရှားသည် ဗီယင်နာကွန်ဗင်းရှင်းပါ သံတမန်ဆက်ဆံရေးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း စွပ်စွဲခဲ့ပြီး ယခင်ကလည်း ရုရှားသံရုံး၏ ဘဏ်စာရင်းများနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥဇဘက်ကစ္စတန်တွင် နျူကလီးယားဓာတ်ပေါင်းဖိုများတည်ဆောက်သွားမည့် ရုရှား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ