Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်ဝန်ကြီးချုပ်က စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကတိပြု

ALynn (NSS) - မေ ၂၇

ကွန်ဆာဗေးတစ်ပါတီသည် ဇူလိုင်လတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် အာဏာဆက်လက်တည်မြဲပါက မဖြစ်မနေ နိုင်ငံတော်တာဝန်ထမ်းဆောင်ရန် ဝန်ကြီးချုပ် ရီရှီဆူနက်က ကတိပြုခဲ့ကြောင်း ဗြိတိန်မီဒီယာများက တနင်္ဂနွေနေ့ (မေလ ၂၆ ရက်) တွင် ဖော်ပြခဲ့သည်။ 


တစ်နှစ်လျှင် စတာလင်ပေါင် ၂ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၁၉ ဘီလျံ) ကုန်ကျမည်ဟု ခန့်မှန်းထားသည့် အဆိုပါ အစီအစဉ်အရ အသက် ၁၈ နှစ်အရွယ် လူငယ်များအားလုံးသည် အချိန်ပြည့်စစ်မှုထမ်းရန် သို့မဟုတ် တစ်လလျှင် တစ်ပတ်စေတနာ့ဝန်ထမ်းအဖြစ် ရဲတပ်ဖွဲ့နှင့် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုများတွင် လုပ်အားပေးရမည်ဖြစ်သည်။  ဆူနက်က “မဖြစ်မနေနိုင်ငံတော်တာဝန် ထမ်းဆောင်စေခြင်းသည် ‘အမျိုးသားရေးစိတ်ဓာတ်’ ကို ပြန် လည်ရှင်သန်စေပြီး လူငယ်များ၏ ဘဝပြောင်းလဲနိုင်ဖို့ အခွင့်အလမ်းများဖြစ်ကြောင်း” တိုက်တွန်းထားသည်ကို ဗြိတိန်မီဒီယာ၏ ဖော်ပြချက်မှတစ်ဆင့် သိရသည်။ “နိုင်ငံကြီးဆိုပေမယ့် မျိုးဆက်သစ်လူငယ်တွေဟာ သူတို့နဲ့ထိုက်တန်တဲ့ အခွင့်အလမ်းတွေ၊ အတွေ့အကြုံတွေ မရကြသလိုဖြစ်နေပြီး ခုလိုအန္တရာယ်တွေတိုးပွားလာနေတဲ့ မသေချာမရေရာတဲ့ ကမ္ဘာကြီးမှာ ကြိုပြင်ထားသင့်ကြောင်း” ကိုလည်း ဆူနက်က ပြောကြားခဲ့သည်။ 

ကွန်ဆာဗေးတစ်ပါတီသည် ပြန်လည်အရွေးခံရပါက “နိုင်ငံတော်တာဝန်ထမ်းဆောင်မှုအစီအစဉ်”ကို အကောင်အထည်ဖော်ရန် တော်ဝင်ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းကာ ရှေ့ပြေးလုပ်ငန်းစဉ်များကို လာမည့်နှစ် စက်တင်ဘာလတွင် စတင်မည်ဖြစ်သည်။ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဆူနက်၏အနီး ကပ်အကြံပေး ပုဂ္ဂိုလ်များသာသိရှိပြီး လျှို့ဝှက်ရေးဆွဲထားခြင်းဖြစ်သည်။ စာမျက်နှာ ၄၀ ပါ စီမံချက်တွင် “ရုရှားနှင့် တရုတ်ကဲ့သို့သော နိုင်ငံများ၏ ကြီးထွားလာနေသော နိုင်ငံတကာ ခြိမ်းခြောက်မှုများ” ကို ရင်ဆိုင်နေရချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့များ တိုးချဲ့ရန် လိုအပ်ကြောင်း အကြံပေးအရာရှိများက တိုက်တွန်းထားသည်။ အဆိုပါကြေညာချက်နှင့်ပတ် သက်၍ ကွန်ဆာဗေးတစ်များသည် ဗြိတိန်စီးပွားရေးကို ပျက်ပြားစေကာ တပ်အင်အားအရေအတွက်ကို လျှော့ချနေသည်ဟု အတိုက်အခံများက ပြစ်တင်ရှုတ်ချခဲ့သည်။ ၎င်း၏ ၃၆၄ နှစ်တာသမိုင်းတစ်လျှောက်တွင် ဗြိတိသျှစစ်တပ်သည် အများအားဖြင့် သဘောဆန္ဒအလျောက် စစ်မှုထမ်းစေခဲ့သည်။ သို့သော် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကာလများအတွင်း စစ်မှုမထမ်းမနေရအဖြစ်သတ်မှတ်ခဲ့သော်လည်း ၁၉၆၀ ခုနှစ်တွင်မူ ၎င်းကိုကျင့်သုံးခြင်းမပြုတော့ပေ။ ၂၀၁၀ မှ ၂၀၂၄ ခုနှစ်များအတွင်း တပ်ဖွဲ့ဝင်အရေအတွက်ကို လေးပုံ တစ်ပုံကျော်အထိ လျှော့ချပစ်ခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့ဗိသုကာပညာရပ်အမွေအနှစ်များကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ မူလလက်ရာမပြတ်ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်ရန် တပ်ချုပ်တိုက်တွန်း

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved