Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ရွေးကောက်ပွဲအပြီးမှာ ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ ဥရောပနိုင်ငံတွေ ကြီးမားတဲ့ အခက်အခဲနဲ့ရင်ဆိုင်ရဖွယ်ရှိနေဟု ဂျာမနီကာကွယ်ရေးဝန်ကြီးပြော

ဂျန်ဇက် (NP News) - ဧပြီ ၂


၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲအပြီးမှာ နေတိုးအုပ်စုအတွင်းရှိ ဥရောပနိုင်ငံတွေဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေ ဆက်လုပ်နေမယ်ဆိုရင်ကြီးမားတဲ့အခက်အခဲနဲ့ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး Boris Pistorius ကပြောပါတယ်။ ရွေးကောက်ပွဲအပြီးမှာ အမေရိကန်ရဲ့ယူကရိန်းအပေါ် ကူညီထောက်ပံ့ပေးမှုတွေဟာ လက်ရှိထက်လျော့နည်းသွားမယ့်အလားအလာများနေကြောင်း ဂျာမနီကာကွယ် ရေးဝန်ကြီးကပြောပါတယ်။ 


၎င်းက အမေရိကန်ဟာ ရွေးကောက်ပွဲအပြီးမှာ ဥရောပကို လိုလားမှုတွေရှိနေမယ်ဆိုရင်တောင် အာရှ-ပစိဖိတ်ဒေသနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ပေးမှုတွေပိုမိုလုပ်ဆောင်လာဖွယ်ရှိနေကြောင်းဆိုပါတယ်။ ဂျာမနီကာကွယ်ရေးဝန်ကြီးက"ယူကရိန်းနိုင်ငံအပေါ် အ နောက်အုပ်စုနိုင်ငံတွေရဲ့ကူညီထောက်ပံ့ပေးမှုတွေဟာ ဆိုးရွားမှုတွေရှိလာနိုင်တယ်။ ဥရောပနိုင်ငံတွေ၊ နေတိုးအုပ်စုနဲ့ နီးစပ်မှုမရှိတဲ့ သူသာအမေရိကန် သမ္မတဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ထင်မှတ်မထားတဲ့စိန်ခေါ်မှုတွေ ပိုမိုရင်ဆိုင်ရှိဖွယ်ရှိနေပါတယ်။  နေတိုးအုပ်စုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ကတိတွေအကောင်အထည်ဖော်ဖို့ အလားလာလျော့နည်းလာနိုင်တဲ့အတွက် ဥရောပဟာ လျော်ကြေးပြန်ပေးရဖွယ်ရှိနေပါတယ်" လို့ပြောပါတယ်။ 


ဂျာမနီ ကာကွယ်ရေးဝန်ကြီးက ဂျာမနီနိုင်ငံအနေနဲ့ အဲဒီအချိန်မှာ မိမိနိုင်ငံ ကာကွယ်ရေးကို ခက်ခဲစွာ ဖြေရှင်းရဖွယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဂျာမနီနိုင်ငံရဲ့စစ်လက်နက်ပစ္စည်းသိုလှောင်မှုတွေက အကန့်အသတ်နဲ့သာရှိနေပြီး ယူကရိန်းကို ဂျာမနီထုတ်တင့်ကားများကူညီပေးမယ့် ကတိတွေကို ငြင်းဆန်သင့်ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ရီပတ်ဘလီကန်ပါတီ လွှတ်တော်ကိုယ်စားလှယ်များဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမှုများကို လိုလားခြင်းမရှိသလို သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီကိုယ်စားပြုယှဉ်ပြိုင်ဖွယ်ရှိနေတဲ့ ဒေါ်နယ်ထရမ့်ဟာလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးဖို့ လိုလားခြင်းမရှိကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်က  အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတအဖြစ်ရွေးကောက်ခံရမယ်ဆိုရင် ယူကရိန်းအနေနဲ့ အမေရိကန်အစိုးရထံက ငွေကြေးအများအပြားရဖို့ မမျှော်လင့်သင့်ကြောင်းပြောပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - ဧပြီ ၂







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မကွေးမြို့ရှိ (၁၂ဝ)မဂ္ဂါဝပ်ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို လာမည့် ဒီဇင်ဘာလတွင် ဓာတ်အားစတင်ထုတ်လုပ်နိုင်ရန် မျှော်မှန်း

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved