တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြိုသိရမည်ဟုဆိုကာ ငွေကြေးလိမ် လည်မှုများရှိနေကြောင်း စာစစ်ဦးစီးဌာန သတိပေး
ယွန်း (NSS) - မေ ၂၄
ယခင်နှစ်ဟောင်း အောင်စာရင်းများကို ဓါတ်ပုံပြုပြင်သည့် အပလီကေးရှင်းများဖြင့်ပြုပြင်ပြီး အောင်စာရင်းကြိုသိရမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက မေလ(၂၄)ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ပြီး အောင်စာရင်းထုတ်ပြန်မည့် နေ့ရက်နှင့် အစီအစဥ်ကို နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် စာစစ်ဦးစီးဌာန၏ Website အပါအဝင် Facebook Page တို့မှတစ်ဆင့် အချိန်မီကြိုတင်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ သို့သော် ယခုအခါ မသမာသူများက အောင်စာရင်းနှင့်ပတ်သက်သည့် ကောလာဟလများ၊ သတင်းတုများ ဖန်တီးနေသည့်အပြင် ယခင်နှစ်ဟောင်း အောင်စာရင်းများကို ဓါတ်ပုံပြုပြင်သည့် အပလီကေးရှင်/ဆော့ဝဲလ်များဖြင့် ပြုပြင်ပြောင်းလဲပြီး အောင်စာရင်းကြိုတင်သိရမည်ဟုဆိုကာ အခကြေးငွေ လိမ်လည်တောင်းခံမှုများရှိနေကြောင်း စာစစ်ဦးစီးဌာနက ဆိုထားသည်။
ထို့ပြင် မိဘပြည်သူများအနေဖြင့် ထိုကဲ့သို့ လိမ်ညာနေသည့် မသမာသူများ ၏ သတင်းအချက်အလက်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Page Message Box သို့သတင်းပေးပို့ရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် မတ်လ (၁၁)ရက်နေ့မှ မတ်လ(၁၉)ရက်အထိ ပိတ်ရက်မရှိ ကျင်းပခဲ့ပြီး ဝင်ရောက်ဖြေဆိုရန်အတွက် စာရင်းပေးသွင်းခဲ့သူမှာ (၁၄၅၂၀၀)ဦးအထိ ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်တွင်ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၁၆၁၈၅ဝ)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘူးသီးတောင်ဖြစ်စဉ်မှာ AA အတွက်ဖြေရှင်းရန်ခက်နေသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေဟုဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း