အမေရိကန်ကာကွယ်ရေးကုမ္ပဏီတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ်သွားမယ်လို့ တရုတ်အစိုးရကြေညာ
Pika (NSS) - မေ ၂၃
အမေရိကန်ရဲ့ တရုတ်ကုမ္ပဏီတွေအပေါ် စီးပွားရေးအကျပ်ကိုင်မှုတွေ၊ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း ရောင်းချမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးကုမ္ပဏီတွေနဲ့ အမှုဆောင်ဆောင်အရာရှိ အများအပြားအပေါ် ပိတ်ဆို့အရေးမှုတွေ ချမှတ်သွားမယ်လို့ တရုတ်အစိုးရက မေလ(၂၂)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတသစ်လိုင်ချန်တေးက မေလ(၂၀)ရက်နေ့မှာ ကျမ်းသစ္စာကျိန် ဆိုပြီးနောက် ထိုင်ဝမ်-အမေရိကန်ဆက်ဆံရေး ပိုမိုနွေးထွေးလာမှုနဲ့ပတ် သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး သမ္မတသစ်လိုင်ချန်တေးဟာ ခွဲထွက်ရေးသမားတစ်ဦးဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားတာလည်း ဖြစ်ပါတယ်။ လိုင်ချန်တေး ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာပဲ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းရောင်းချမှုနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးကုမ္ပဏီ(၃)ခုကို တရုတ်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Lockheed Martin၊ Raytheon ၊ General Dynamics ကာကွယ်ရေးကုမ္ပဏီတို့ရဲ့ လက်အောက်မှာရှိတဲ့ ယူနစ်တွေနဲ့ လူပုဂ္ဂိုလ်တွေအပါအဝင် အမေရိကန်ကာကွယ်ရေးကုမ္ပဏီတွေနဲ့ အမှုဆောင်အရာရှိအချို့အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားမှာဖြစ်တယ်လို့ တရုတ်အစိုးရက မေလ(၂၂)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက 'အမေရိကန်ဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ရောင်းချပြီး တရုတ်ကုမ္ပဏီတွေ အများအပြားကို ဥပဒေမဲ့တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကို အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းရောင်းချမှုဟာ တရုတ်တစ်ပြည်တည်းမူဝါဒကို ချိုးဖောက်တာဖြစ်ပြီး တရုတ်ရဲ့ ပြည်တွင်းရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို ဝင်ရောက်စွက်ဖက်နေတာဖြစ်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံမှာ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ(၅)ဦးသေဆုံးကာ အခြားလူ(၃၅)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း