အမေရိကန်အမျိုးသားတစ်ဦးက လော့စ်အိန်ဂျလီမြို့လယ်ရှိ မိုးမျှော်တိုက်နှစ်ခုကြားတွင် ကြိုးတန်းကာ လမ်းလျှောက်ပြ
Pika (NSS) - မေ ၂၂
အမေရိကန်နိုင်ငံမှ အမျိုးသားတစ်ဦးသည် လော့စ်အိန်ဂျလီမြို့လယ်ရှိ မိုးမျှော်တိုက်နှစ်ခုကြားတွင် ကြိုးတန်းကာ လမ်းလျှောက်ပြခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
Ben Schneider ဟုအမည်ရသော အသက်(၂၈)နှစ်အရွယ် အမျိုးသားသည် YouTube ရှိ Reckless Ben ဆိုသည့်အကောင့်တွင် Oceanwide ပလာဇာရှိ မိုးမျှော်တိုက်နှစ်ခုကြားတွင် ကြိုးတန်းကာ လမ်းလျှောက်ပြသည့် ဗီဒီယိုဖိုင်ကို တင်ခဲ့ကြောင်းလည်းသိရသည်။ Oceanwide ပလာဇာတွင် ရေးဆွဲထားသော အနုပညာလက်ရာများကြောင့် graffiti tower များဟု နာမည်ကြီးကြောင်းသိရသည်။ Ben Schneider က 'အောက်ကိုငုံ့ကြည့်လိုက်တဲ့အချိန်တိုင်း အလွန်ကို ကြောက်စရာကောင်းပါတယ်။ လမ်းလျှောက်နေတဲ့အချိန်မှာ ကြောက်နေပြီဆိုရင် ခန္ဓာကိုယ်ကလှုပ်လာမှာဖြစ်ပြီး ကြိုးကလည်း လှုပ်လာမှာပါ။ ပြီးရင်တော့ အောက်ကိုပြုတ်ကျသွားပါလိမ့်မယ်။ ကျွန်တော်ပြုတ်မကျချင်တာမလို့ စိတ်ငြိမ်ငြိမ်ထားပြီး လျှောက်ခဲ့ရပါတယ်'ဟု ပြောဆိုခဲ့သည်။
၎င်းနှင့်၎င်း၏သူငယ်ချင်းများသည် အဆိုပါအဆောက်အဦးအပေါ်ထပ်သို့ ရောက်ရှိရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ရကြောင်းလည်း Ben Schneider က ပြောကြားခဲ့သည်။ Ben Schneider က'ကျွန်တော်တို့က ဘာသာရေးကိုးကွယ်သူတွေလို ဟန်ဆောင်ခဲ့တာပါ။ 'Jesus Saves' ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့ လူ(၂၀)လောက်နဲ့အတူ ဒီအ ဆောက်အဦးအပေါ်ထပ်ကို ရောက်အောင်ကြိုးစားခဲ့ရတာပါ'ဟု ပြောဆိုခဲ့သည်။ Ben Schneider သည် မိုးမျှော်တိုက်နှစ်ခုကြားတွင် သွယ်ထားသောနိုင်လွန်ကြိုးပေါ်တွင် လမ်းလျှောက်ပြရန်အတွက် အချိန်(၂)မိနစ်ခန့်ကြာခဲ့ကြောင်းလည်းသိရသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ သို့သော် လည်း Ben Schneider အနေဖြင့် မည်သည့်စွဲချက်များနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Star Wars Millennium Falcon အာကာသယာဉ် Lego အရုပ်ကို အချိန်(၇) နာရီခွဲကျော်အတွင်း တည်ဆောက်ပြခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ ကနေဒါအမျိုးသား
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ