အီရန်သမ္မတအသစ်ရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်နေ့မှာကျင်းပမယ်
ဂျန်ဇက် (NSS) - မေ ၂၂
အီရန်နိုင်ငံမှာ ရဟတ်ယာဉ်ပျက်ကျကာ သမ္မတသေဆုံးခဲ့ပြီးနောက် အီရန်သမ္မတအသစ်ရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အီရန်သမ္မတ အီဘရာဟင်ရိုင်စီဦးဆောင်တဲ့ အီရန်အစိုးရအာဏာပိုင်အဖွဲ့ဟာ နိုင်ငံအရှေ့ဖျားဒေသ အဇာဘိုင်ဂျန်ပြည်နယ်ကို သွားရောက်ချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျကာရဟတ်ယာဉ်အပေါ်မှာလိုက်ပါသူအားလုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အီရန်ဒုတိယသမ္မတဖြစ်သူ မိုဟမ်မက် မိုခါဘာက အီရန်နိုင်ငံရဲ့ယာယီသမ္မတအဖြစ်တာဝန်ယူနေပြီး ဇွန်လ ၂၈ရက်နေ့မှာ သမ္မတအသစ်ရွေးကောက်ပွဲကျင်းပဖို့ သဘော တူညီထားတယ်လို့ သိရပါတယ်။ အဲဒီသမ္မတရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၃ရက်နေ့အထိ အမည်စာရင်းတင်သွင်းရမှာဖြစ်ပါတယ်။
ဒါ့ပြင် ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူအားလုံးဟာ ဇွန်လ ၁၂ရက်နေ့ကနေ ၂၇ရက်နေ့အထိ မဲဆွယ်စည်းရုံးခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။ အီရန်သမ္မတ အီဘရာဟင်ရိုင်စီဟာ နိုင်ငံအတွင်းရှိ ပြည်နယ်ပေါင်း ၃၀ ကို တစ်နှစ်လျှင် တစ်ကြိမ်သွားရောက်မယ်လို့ ကတိပြုထားတဲ့အတိုင်း နယ်စပ်ဒေသဖြစ်တဲ့အဇာဘိုင်ဂျန်ပြည်နယ်ရှိရေကာတာ ဖွင့်ပွဲကိုသွားရောက်ပြီး ပြန်လာချိန်မှာ ရဟတ်ယာဉ်ပျက်ကျမှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KNDF နှင့် PDF အဖွဲ့ ဖောက်ခွဲဖျက်ဆီးခဲ့သော ထီးစဲခါးတံတားကို ပြုပြင်ပြီးဖြစ်၍ ဖြတ်သန်းသွားလာနိုင်ပြီဟု နစကဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ