အီရန်နဲ့ဆက်ဆံရေးကို ပိုမိုအားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တရုတ်အစိုးရပြော
Pika (NSS) - မေ ၂၂
တရုတ်နိုင်ငံဟာ အီရန်နဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဘုံအကျိုးစီးပွားကိုကာကွယ်ကာ ဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီရဲ့ပြောကားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းအေဂျင်စီက မေလ(၂၁)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။
မေလ(၂၁)ရက်နေ့မှာ ဝမ်ယီဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးကို တက်ရောက်စဉ်အချိန်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အဆိုပါအစည်းအဝေးအတွင်း ဝမ်ယီဟာ အီရန်နိုင်ငံခြားရေးဒုဝန်ကြီး Mahdi Safari နဲ့တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆင်ဟွာက 'အီရန်ဟာ ထူးချွန်ထက်မြက်တဲ့ခေါင်းဆောင်တွေကို ဆုံးရှုံးခဲ့ရပြီး တရုတ်နိုင်ငံက မိတ်ဆွေကောင်းနဲ့မိတ်ဖက်ကောင်းတွေကို ဆုံးရှုံးခဲ့ရတယ်လို့ ဝမ်ယီကပြောကြားခဲ့ပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်မှာ တရုတ်နိုင်ငံဟာ အီရန်နိုင်ငံနဲ့အတူ ခိုင်ခိုင်မာမာရပ်တည်သွားမှာပါလို့ ဝမ်ယီကထပ်မံပြောဆိုခဲ့ပါတယ်"လို့ ရေးသားဖော်ပြခဲ့ပါတယ်။
မေလ(၂၀)ရက်နေ့က အီရန်သမ္မတအီဘရာဟင်ရိုင်စီနဲ့၎င်းရဲ့နိုင်ငံခြားရေးဝန်ကြီးတို့အပါအဝင် လူပေါင်း(၁၅)ဦးလိုက်ပါသွားတဲ့ ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံးခဲ့ပြီးနောက် ယခုလိုမှတ်ချက်ပြုပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓားပြတိုက်ခံရမှုဖြစ်စဉ်များ မြင့်တက်လာသဖြင့် ရွှေဆိုင်များကို ရာဘာကျည်ဆံသေနတ်ကိုင်ဆောင်ခွင့်ပြုရန် အကြံပြုမှုများရှိလာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ