စင်္ကာပူခရီးသည်တင် လေယာဉ် ပြင်းထန်လေထုမငြိမ်မသက်ဖြစ်မှုနှင့် ရင်ဆိုင်ရပြီး လူ(၁)ဦး သေဆုံးကာ ဘန်ကောက်လေဆိပ်၌ အရေးပေါ်ဆင်းသက်ခဲ့ရ
Htay Oung (NSS) - မေ ၂၂
လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှ ထွက်ခွာလာပြီး စင်္ကာနိုင်ငံသို့ ဦးတည်ပျံသန်းလာသည့် စင်္ကာပူလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်မှာ ပြင်းထန်သည့် လေထုမငြိမ်မသက်မှုနှင့် ရင်ဆိုင်ရသည့်အတွက် အင်္ဂါနေ့ (မေလ ၂၁ ရက်)ညနေပိုင်းက ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်မှာ အရေးပေါ်ဆင်းသက်လိုက်ရကြောင်း ဘန်ကောက်ပို့စ်က အရေး ကြီးကြားဖြတ်သတင်းအဖြစ် မေလ ၂၁ ရက်က ဖော်ပြပါတယ်။
လူတစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အခြားခရီးသည် အယောက် ၃၀ ရှိကြောင်း သတင်းမှာဆက်လက် ဖော်ပြပါတယ်။ လေကြောင်းပျံသန်းမှုရေဒါ ပုံရိပ်များအရ အမြင့်ပေ ၃၇၀,၀၀၀ မှာ ပျံသန်းနေတဲ့ ဘိုးရင်း 777-300 ER ခရီးသည်တင် လေယာဉ်ဟာ မြန်မာစံတော်ချိန် အင်္ဂါနေ့ နေ့လည် ၂ နာရီမှာ အမြင့်ပေ ၃၁၀,၀၀၀ အထိ ထိုးစိုက်ကျဆင်းသွားခဲ့ကြောင်း၊ အချိန် (၃)မိနစ်အတွင်း ယခုလို စိုက်ဆင်းသွားကြောင်း တွေ့ရှိရပါတယ်။
အဲဒီ အမြင့်ပေမှာ ဆက်လက်ပျံသန်းနေစဉ် ၁၀ မိနစ်ခန့်အကြာမှာ နောက်တစ်ကြိမ် ထပ်မံ နိမ့်ဆင်းသွားတဲ့အတွက် နာရီဝက်အတွင်း သုဝဏ္ဏဘုမ္မိ လေယာဉ်ကွင်းမှာ အရေးပေါ်ဆင်းသက်လိုက်ရတယ်လို့ အေပီသတင်း အေဂျင်စီက ရေးသားပါတယ်။ စင်္ကာပူလေကြောင်းလိုင်းပိုင် SQ 321 ခရီးသည်တင်လေယာဉ်ဟာ ဘန်ကောက်ဒေသစံတော်ချိန် ညနေ ၁၅၀၀ နာရှီအချိန်မှာ ဆင်းသက်နိုင်ခဲ့ပြီး ၁၂ မိုင်ခန့်ဝေးကွာတဲ့ ဆေးရုံရှိရာသို့ လူနာများကို လွှဲပြောင်းပေးခဲ့ကြောင်း၊ လေယာဉ်ပေါ်မှာ ခရီးသည် ၂၁၁ ဦး လေယာဉ်ဝန်ထမ်း ၁၈ ဦး လိုက်ပါလာကြောင်း၊ သေဆုံးသူဟာ အသက် ၇၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသားဖြစ်ပြီး ရုတ်တရက် နှလုံးဖောက်ပြန်၍ ကွယ်လွန်ရခြင်းဖြစ်ကြောင်း သုဝဏ္ဏဘုမ္မိ လေယာဉ်ကွင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်တယ်လို့ CBS သတင်းဌာနက ရေးသားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မသန်စွမ်းသူများ လျှောက်ထားရာ၌ နှစ်ရှည်စောင့်ဆိုင်း နေရသူများရှိနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ