မြောက်ကိုရီးယားခေါင်းဆောင်က စစ်ပြင်ဆင်ရာတွင် တိုးတက်မှုအသစ်များ ဖန်တီးကြရန် တိုက်တွန်း
ALynn (NSS) - မေ ၁၅
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ၎င်း၏ဗျူဟာမြောက် ဒုံးကျည်စနစ်အား စစ်ဆေးစဉ်အတွင်း စစ်ပြင်ဆင်ရာတွင် တိုးတက်မှုအသစ်များ၊ ပြောင်းလဲမှုအသစ်များ ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်)တွင် ဖော်ပြခဲ့သည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားသည် ယူကရိန်းစစ်မြေပြင်တွင် အသုံးပြုရန်အတွက် ရုရှားထံမပေးပို့မီ အမြောက်များနှင့် ခရုဇ်ဒုံးကျည်များထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေနိုင်သည်ဟု သုံးသပ်သူများက ပြောကြားလာခဲ့သည်။
အင်္ဂါနေ့တွင် ၎င်း၏ နည်းဗျူဟာမြောက် ဒုံးကျည်လက်နက်စနစ်အား စစ်ဆေးနေစဉ်အတွင်း ကင်သည် ယခုနှစ်တွင် ကာကွယ်ရေးစက်မှုလုပ်ငန်း၏ ထုတ်လုပ်မှုရလဒ်အပေါ် ကျေနပ်အားရမိကြောင်း ဖော်ပြခဲ့သည်ဟု ပြုံယမ်း၏ တရားဝင်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ထုတ်ပြန်ခဲ့သည်။
တံခါးပိတ်ဝါဒကျင့်သုံးနေသော မြောက်ကိုရီးယားသည် မကြာသေးမီက ရုရှားနှင့် စစ်ရေးဆက်ဆံမှုအားကောင်းလာခဲ့ပြီး ကင်ဂျုံအန်းအစိုးရအပေါ် နိုင်ငံတကာလက်နက်ပိတ်ဆို့မှုများကို စောင့်ကြည့်နေသည့် ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့၏ သက်တမ်းတိုးမှုကို တားဆီးရန် ရုရှားက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြုံယမ်းက ပြောကြားခဲ့သည်။ ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော်လည်း မြောက်ကိုရီးယားက ရုရှားအား လက်နက်များ ထောက်ပံ့ပေးနေကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က စွပ်စွဲထားသည်။ ယခုနှစ်များအတွင်း ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ပြုံယမ်းက တောင်ကိုရီးယားကို ၎င်း၏ “အဓိကရန်သူ” အဖြစ် ကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာသည့်အတွက် ဆိုလာနှင့် ဘက်ထ ရီများကို ဝယ်ယူအသုံးပြုမှု မြင့်တက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ