Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီလွန်မတ်ခ်ရဲ့ဒေါ်လာသတိပေးချက်၊ BRICS ရဲ့ ငွေကြေးအသစ်နဲ့ အမေရိကန်တို့ရဲ့ ကြွေးမြီပြဿနာ (ဘာသာပြန်ဆောင်ပါး)

Htay Oung (NSS) - မေ ၁၅

BRICS လို့ ခေါ်တဲ့ ကုန်သွယ်ရေး စီးပွားရေး မဟာမိတ်အဖွဲ့က လက်ရှိ နိုင်ငံတကာ အသုံးပြု နေတဲ့ ငွေကြေးအပေါ်မှီခိုအားထားမှုကိုလျှော့ချဖို့ လုပ်ဆောင်လာစဉ် အမေရိကန်ဒေါ်လာနဲ့ ပတ်သက် ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က အရေးတကြီး သတိပေးလိုက်ပါတယ်။ ဒေါ်လာငွေ ခိုင်မာအသုံးဝင်မှုနဲ့ပတ်သက်ပြီး ငွေကြေးဆိုင်ရာကျွမ်းကျင်သူတွေက စိုးရိမ်မကင်းဖြစ်နေကြတဲ့အထဲ ဒီတစ်ကြိမ်မှာတော့ အရင် တွစ်တာခေါ် X လူမှုကွန်ရက်ပလက်ဖောင်းကြီး ပိုင်ရှင်အယ်လွန်မတ်ခ် ကိုယ်တိုင်ဖြစ်နေတယ်လို့  ခရစ်ပ်တို ငွေကြေး၊ ဘစ်ကွိုင်နဲ့ ကမ္ဘာ့ငွေကြေး ချိတ်ဆက်မှုတွေရဲ့ လတ်တလောအခြေအနေတွေကို စောင့်ကြည့်နေတဲ့ “WatcherGuru” (3 May 2024) က ရေးသားပါတယ်။


“လက်ရှိ ကမ္ဘာ့စီးပွားရေး၊ ပထဝီနိုင်ငံရေးဆိုင်ရာ အုပ်စုသစ်များ ဖွဲ့စည်းခြင်းဖြင့် နိုင်ငံတကာ အခြေအနေများ ပြောင်းလဲနေစဉ် အမေရိကန်ငွေကြေးနဲ့ပတ်သက်ပြီး ကြီးထွားလာနေတဲ့ စိုးရိမ်ပူပန်မှု ကို မတ်ခ်က မှတ်ချက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးရဲ့ အကျပ် အတည်းဆီသို့ မကြာမီ ဦးတည်သွားစေနိုင်တဲ့  နိုင်ငံတော်ကြွေးမြီများ တိုးမြင့်လာနေပုံကို CNN သတင်းဌာနဲ့ တွေ့ဆုံစဉ်  “ တက်စ်လာ မော်တော်ယာဉ်” ကုမ္ပဏီပိုင်ရှင်ဖြစ်သူက အလေးထားဆွေးနွေးသွားပါတယ်။

“နိုင်ငံတော်ကြွေးမြီကို အမြင့်ဆုံးပမာဏအထိ အကြိမ်ကြိမ်တိုးမြှင့်နေခြင်းဟာ အမေရိကန် အတွက် ငွေကြေးဆိုင်ရာ အကျပ်အတည်းတွေကို ထပ်မံဖန်တီးသလိုရှိနေပြီး စီးပွားရေးကျဆင်းမှုဖြစ် ပေါ်လာစေကြောင်း၊ အမေရိကန်နိုင်ငံ စီးပွားရေး ယိုယွင်းကျဆင်းလာမှုဟာ ဘယ်လိုမှ ငြင်းဆိုဖုံး ကွယ်လို့မှ မရနိုင်ကြောင်း၊ အမေရိကန် ဗဟိုဘဏ်ဟာ နှစ်နှစ်အတိုးနှုန်းမြှင့်တင်ခြင်းဖြင့် ငွေကြေး ဖောင်းပွမှု ကိုကာကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ဒါ့ပြင် တင်းကြပ်တဲ့ စည်းကမ်းချက်တွေနဲ့ စီမံကိန်း ချမှတ်ပြီး အတိုးနှုန်းတွေတည်ငြိမ်အောင်ထိန်းချုပ်ဖို့ အားထုတ်ခဲ့ပေမယ့် မူလလမ်းကြောင်းကို ပြောင်းလဲစေနိုင်ခြင်း မရှိသေးကြောင်း၊ “ ဒီအချက်ဟာ ဘဏ္ဍာရေးလောကအတွက် များစွာသော စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေပြီး မက်ခရိုစီးပွားရေးကဏ္ဍနဲ့ ပေါင်းစပ်သွားကြောင်း၊ တခြားတစ်ဖက်မှာလည်း BRICS  မဟာမိတ်အဖွဲ့က ကမ္ဘာတစ်ဝန်း ငွေကြေး ကျောထောက်နောက်ခံထားမှုပုံစံကို တားဆီးရန် လုပ်ဆောင်နေကြောင်း အမေရိကန်ဒေါ်လာနဲ့ ပတ်သက်ပြီး ကမ္ဘာ့အချမ်း သာဆုံးပုဂ္ဂိုလ်က အရေးတကြီး သတိပေးလိုက်ပါတယ်။

“ငွေစက္ကူကို အစိမ်းရောင်မင်နဲ့ အများစု ရိုက်နှိပ်တဲ့ ၁၈၆၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန် ဒေါ်လာငွေကို “အစိမ်း “Greenback” လို့ ခေါ်ဝေါ် လာကြပါတယ်။ အခွန်ကောက်ခံခွင့်ကို ကွန်ဂရက် လွှတ်တော်က ကန့်သတ်ခြင်းနဲ့ အမေရိကန်ပြည်တွင်းစစ်ကို ငွေကြေးထောက်ပံ့ရာမှာ စက္ကူငွေကြေး ဟာ အလွန်အသုံးတည့်လှပါတယ်။ ဘန်းစကား အနေနဲ့ “ဘတ်ခ်” Buck  လို့ ပြောရင် အမေရိကန်တိုင်း သိကြပါတယ်။

“လတ်တလောဖြစ်နေတဲ့ ပြည်တွင်း ပြည်ပ ဝိရောဓိတွေအကြားမှာ ဒေါ်လာငွေကြေးနဲ့ ပတ်သက်ပြီး အယ်လွန်မတ်ခ်က သူ့ရဲ့ စိုးရိမ်မှုကို အရင်ကလည်း ဖော်ပြခဲ့ဖူးပါတယ်။ အမေရိကန်ရဲ့ နိုင်ငံတော်ကြွေးမြီကိစ္စကို အပူတပြင်း ကိုင်တွယ်ရန် လိုအပ်နေကြောင်း၊ ဒီလိုမှ မဟုတ်ရင် မဝေးတဲ့ တစ်နေ့ မှာ ဒေါ်လာငွေဟာ ဘာတန်ဖိုးမှမရှိတဲ့ စက္ကူတစ်ရွက် ဖြစ်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။

“အမေရိကန် ထိပ်တန်းဘဏ်ကြီးတွေအနေနဲ့ အကြီးအကျယ်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတော် ကြွေးမြီဟာ ဒေါ်လာ ၃၄ ထရီလီယံကျော်အထိ ဆက်တိုက်တိုးမြင့်လာနေကြောင်း မတ်ခ်က ထောက်ပြပါတယ်။ အတောမသတ်နိုင်အောင် ကြွေးမြီဝန်ထုပ်ဝန်ပိုး ဖိစီးလာခြင်းကို ကိုင်တွယ် ဖြေရှင်း ရန် ပျက်ကွက်နေခြင်းဟာ ဒီပုဆိုးဝတ်သရွေ့ ဒီချေး(ချီး)ပဲ ပေနေရလိမ့်မယ်လို့ ကြီးမားတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

“အမေရိကန်ဒေါ်လာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အခုလိုပြောဆိုကြတဲ့ ကမ္ဘာသိ ထင်ရှားသူတွေထဲမှာ မတ်ခ်တစ်ဦးတည်းတော့ မဟုတ်ပါဘူး။” အမေရိကန် နယူးယောက်ခ်အခြေစိုက် “ပီဂျေမော်ဂန်ချေ့စ်”လို နိုင်ငံတကာ ငွေကြေး ဆိုင်ရာကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျေမီဒီမွန် လည်း ပါဝင်ပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာ ပြဿနာကြီးတစ်ခု ဖြစ်လာမှာကို စိုးရိမ်ပူပန်ကြောင်း အလားတူ ပြောခဲ့ဖူးပါတယ်။

ဒီစိုးရိမ်မှုတွေရဲ့တိကျမှုကို ငြင်းဆိုစရာ မရှိပါဘူး။ ဒေါ်လာငွေအပေါ် အားကိုးအားထားမှုကို လျှော့ချဖို့ နိုင်ငံတကာမှာ လုပ်ဆောင်နေကြခိုက် အမေရိကန်နိုင်ငံမှာ ကြွေးမြီဖောင်းပွမှု ဖြစ်ပေါ် နေပါတယ်။ BRICS မဟာမိတ်အဖွဲ့အနေနဲ့ သူတို့ရဲ့ ကြိုးပမ်းမှုတွေအတိုင်း ဆက်လက်ချီတက် နေကြခိုက် အမေရိကန်ဒေါ်လာအတွက် ပိုပြီး စိုးရိမ်စရာဖြစ်လာပါတယ်။

“၂၀ဝ၉ ခုနှစ်မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ပါဝင်တဲ့ BRIC  အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ တစ်နှစ်အကြာမှာ တောင်အာဖရိကနိုင်ငံ ပါဝင်လာခဲ့ ပြီး BRICS ဖြစ်လာပါတယ်။ မူလက နိုင်ငံအချင်း ချင်းအကြား ပြည်တွင်းရေး ဝင်မစွက်ဘဲ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြဖို့ဖြစ်ပါတယ်။

“ကနဦး အဖွဲ့ဝင် ၅-နိုင်ငံစလုံးဟာ စက်မှုထိပ်သီး G20 အဖွဲ့ဝင်များဖြစ်ကြပြီး ကမ္ဘာ့ အသားတင် ကုန်ထုတ်မှုရဲ့ ၂၇% ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အီရန်၊ အီဂျစ်၊ အီသီ ယိုးပီးယား၊ ယူအေအီးတို့ ပါဝင်လာပြီး တန်းတူညီမျှရေး အပြန်အလှန်အကျိုးပြုရေး ပထဝီနိုင်ငံရေး အစုအဖွဲ့အသွင် ဖြစ်လာပါတယ်။ အနောက်အုပ်စု လွှမ်းမိုးတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်တို့ နဲ့အပြိုင် ဖွံ့ဖြိုးရေးဘဏ်ကို ထူထောင်လာပါတယ်။

ကမ္ဘာသုံးငွေကြေးအဖြစ်မှ အမေရိကန်ဒေါ်လာကို အစားထိုးရန် ကြိုးစားနေကြရာမှာ BRICS အုပ်စုတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ယခုအခါ  BRICS  ရဲ့ အာဖရိက မဟာမိတ်အသစ် ဖြစ်လာတဲ့ နိုင်ဂျာ၊ မာလီနဲ့ ဘာကီနာဖာနိုင်ငံတို့ကလည်း ငွေကြေးအသစ်ဖန်တီးဖို့လုပ်ဆောင်နေပြီး ကုန်သွယ် ရာမှာ အမေရိကန်ဒေါ်လာအသုံးပြုခြင်းမှ ခွဲထွက်သွားစေခဲ့ပါတယ်။

“စစ်အစိုးရများ အုပ်ချုပ်လျက်ရှိကြတဲ့ အဲ့ဒီပြင်သစ်ကိုလိုနီဟောင်းနိုင်ငံတွေဟာ BRICS  ရဲ့ စံနမူနာအတိုင်း လိုက်နာကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကို စတင်အသုံးပြုဖို့ ဆန္ဒရှိနေကြပါတယ်။ ASE ခေါ် “ဆာဟဲဒေသ မဟာမိတ်နိုင်ငံများ” ကာကွယ်ရေးမဟာမိတ်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီး အမေရိကန်ဒေါ်လာအစား သူတို့နိုင်ငံ ကုန်သွယ်မှုအတွက် ငွေကြေးအသစ်ကို အသုံးပြုဖို့ စီစဉ်နေပါတယ်။

“ကမ္ဘာ့နိုင်ငံအများအပြားတို့မှာ “ဒီ-ဒေါ် လာရိုက်ဇေးရှင်း”ခေါ် အမေရိကန်ဒေါ်လာကို အရန် ငွေကြေး၊ ကြားခံသို့မဟုတ် မှီခိုအားထားမှုကို လျှော့ချရန် အားထုတ်လာမှုဟာ အမေရိကန်ဒေါ်လာရဲ့ ဖြစ်တည်မှုအပေါ် ထိခိုက်စေပါတယ်။ ငွေကြေးအသစ် ဖန်တီးရခြင်းဟာ ကိုလိုနီဆိုးမွေတွေကနေ ဝေးကွာသွားစေမယ့် နည်းလမ်းတစ်ခုဖြစ်ကြောင်း နိုင်ဂျာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာမိန်း-ထာနီက ပြောတယ်လို့ ပြင်သစ် သတင်းစာ France 24 ( 14 March 2024) က ရေးပါတယ်။

BRICS နိုင်ငံတွေဟာ အမေရိကန်ဒေါ်လာကို အံတုဖို့အတွက် ငွေကြေးအသစ် ဖန်တီးရန် အတူတကွ လုပ်ဆောင်နေကြပါတယ်။ အိမ်ဖြူတော်က ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရပြီး အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချလိုကြပါတယ်။ မဟာမိတ်အဖွဲ့ဟာ BRICS ငွေကြေးအသစ် စတင်ဖို့ ပဏာမရှေ့ပြေးအနေနဲ့ ပြည်တွင်းသုံး ငွေကြေးအချင်းချင်း လဲလှယ်မှုကို မြှင့်တင်နေကြပါ တယ်။ အဲ့ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိပုံကို တရုတ်နိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီးက အတည်ပြုခဲ့ပါတယ်။ မေလမှာ အဖွဲ့ဝင်နိုင်ငံတွေ နောက်ထပ်တွေ့ဆုံဆွေးနွေးပြီး လာမယ့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ထိပ်သီး အစည်းအဝေးမှာ ငွေကြေးအသစ်ကို ကြေညာဖို့ရှိကြောင်း ပြောတယ်လို့ WatcherGuru (2 May 2024)က ရေးပါတယ်။  


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားခေါင်းဆောင်က စစ်ပြင်ဆင်ရာတွင် တိုးတက်မှုအသစ်များ ဖန်တီးကြရန် တိုက်တွန်း

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved