ရုရှားသမ္မတပူတင်က စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်းကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်
Pika (NSS) - မေ ၁၅
ရုရှားသမ္မတပူတင်ဟာ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း Andrey ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် တရားဝင်ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။
ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးပညာရှင် Andrey Belousov ဟာ ရုရှားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး စီးပွားရေးကိစ္စရပ်တွေအတွက် ပူတင်ရဲ့ ကာလရှည်ကြာအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ စစ်မြေပြင်ကို ဆန်းသစ်တီထွင်မှုတွေနဲ့အတူ အတွေးအခေါ်ရှိပြီး ပွင့်လင်းမြင်သာတဲ့သူတွေက လွှမ်းမိုးထားတာမလို့ ကာကွယ်ရေးဝန်ကြီးအပြောင်းအလဲတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရုရှားအစိုးရပြောရေး ဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကို့ဗ်က ယခုသီတင်းပတ်အစောပိုင်းမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားလွှတ်တော်ထံကနေ အတည်ပြုချက်တွေကို ရရှိပြီးနောက် ရုရှားသမ္မတပူတင်ဟာ အစိုးရအဖွဲ့သစ်အတွက် အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး မေလ(၁၄)ရက်နေ့ ညနေပိုင်းမှာ Andrey Belousov ဟာ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် တရားဝင်စတင်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် (၁၂)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆာဂေးရှိုဂူဟာ မေလ(၁၂)ရက်နေ့မှာ ရုရှားလုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဆာဂေးရှိုဂူနဲ့ Andrey Belousov တို့ဟာ တရုတ်နိုင်ငံကအကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံဖို့အတွက် ယခုသီတင်းပတ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံကို ရုရှားသမ္မတပူတင်နဲ့အတူ သွားရောက်နိုင်ဖွယ်ရှိနေတယ်လို့လည်းသိရပါတယ်။ရုရှားတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက် ထိုးစစ်ဆင်မှုတွေလုပ်ဆောင်နေတဲ့အချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ခါကစ်ဗ်ဒေသမှာ အကြီးစားထိုးစစ်ဆင်မှုတွေကို မေလ(၁၀)ရက်နေ့က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့တွေရဲ့နေရာအများအပြားကို သိမ်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဦးအောင်ကြည်ညွန့်နှင့် ဦးကျော်ထွေးအပါအဝင် NUG ပုဂ္ဂိုလ်အချို့ အမေရိကန်တွင် အိမ်ဝယ်ထားကြပြီဆိုသော သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသော်လည်း သက်ဆိုင်သူများက နှုတ်ဆိတ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ