ညောင်ရွှေမြို့နယ်တွင် ရင်ချင်းဆက်ကလေးငယ်(၂)ဦးမွေးဖွားခဲ့သော်လည်း တစ်ရက်ကျော်သာ အသက်ရှင်ခဲ့
သန့်ဇင်(NSS) - ဧပြီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် ရင်ချင်းဆက်ကလေးငယ်(၂)ဦးမွေးဖွားခဲ့သော်လည်း တစ်ရက်ကျော် ကာလသာ အသက်ရှင်ခဲ့ပြီးကွယ်လွန်သွားခဲ့ကြောင်း စေလိုရာလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါကလေးငယ်(၂)ဦးကို ပြီးခဲ့သည့်(ဧပြီလ ၁၉ ရက်)၊ မွန်းလွဲ ၂နာရီခွဲဝန်းကျင်အချိန်ခန့်က ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ MAX ဆေးခန်းတွင် မွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ကလေးငယ်(၂)ဦး၏ကျန်းမာရေးအခြေအနေအရ ဧပြီလ ၂၀ရက်၊ ညပိုင်းအချိန်တွင် နန်းပန်မြို့မှတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးတွေက မွေးပြီးတစ်ရက်အကြာမှာ မန္တလေးပို့ဖို့လုပ်ပါတယ်။ ကလေးငယ်တွေရဲ့အခြေအနေကြောင့် နီးတဲ့တောင်ကြီး ဆေးရုံကိုပို့ဖို့လုပ်တာမှာ တောင်ကြီးအတက်နားမှာဆုံးသွားပါတယ်။ မွေးကတည်းက ရင်ချင်းဆက်ပြီးမွေးလာတာ၊။ ချက်က တစ်ခုတည်း ဖြစ်နေလို့ အသက်ရှင်ဖို့မလွယ်ဘူးလေ။ အောက်ဆီဂျင်နဲ့မန္တလေးပို့ဖို့လုပ်သေးတယ်” ဟု စေလိုလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့နောက် ကလေးငယ်(၂)ဦး၏ရုပ်အလောင်းကို စေလိုရာလူမှုကူညီရေးအသင်းက တောင်းကြီးကလေးဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။အလားတူ ပြီးခဲ့သည့် မက်လ ၇ ရက်ကလည်း မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဦးခေါင်း(၂)လုံး ခန္ဓာကိုယ်တစ်ခုဖြင့် ကလေးငယ်တစ်ဦး မွေးဖွားခဲ့သော် လည်း ရက်ပိုင်းအကြာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AFC Futsal Cup 2024 ပြိုင်ပွဲတွင် ဂိုးကွာခြားချက်ကြောင့် မြန်မာ့လက်ရွေး စင်ဖူဆယ်အသင်း အုပ်စုမှထွက်ခဲ့ရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ