နိုင်ငံတည်ငြိမ်အေးချမ်းစေရေးအတွက် လာရောက်ဆွေးနွေးမည်ဆိုပါက တံခါးဖွင့်ထားကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် အသိပေးဖိတ်ခေါ်
မျိုးကြီး (NP News) - ဧပြီ ၁
နိုင်ငံတည်ငြိမ်အေးချမ်းစေရေးအတွက် လာရောက်ဆွေးနွေးမည်ဆိုပါက တံခါးအမြဲဖွင့်ထားကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင် လှိုင်က အသိပေးဖိတ်ခေါ်လိုက်သည်။
၎င်းက ယမန်နေ့(မတ်လ ၃၁ ရက်)တွင် ရခိုင်ပြည်နယ်၌ ပြည်နယ်အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်အချိန် အထက်ပါကဲ့သို့ ဖိတ်ခေါ်ပြောဆိုခဲ့ခြင်းဖြစ်သည်။
နစကအနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရာ၌ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ ဘင်းစတက်စ်အဖွဲ့ဝင်နိုင်ငံ နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မိမိတို့အပေါ် နိုင်ငံတ ကာမှ အထင်အမြင်လွဲမှားမှုမရှိရေး ထိန်းသိမ်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရည်ရွယ်ကာ ရိုးသားစွာဖြင့် နစကနှင့်လာရောက်ဆွေး နွေးမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားပါကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးကာ ဖိတ်ခေါ်လိုက်သည်။
တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်မှုများကို ယခုထက် ပိုမိုဖော်ဆောင်နိုင်မည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
ထိုသို့ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံး ပါဝင်ရန်လိုအပ်ပြီး ငြိမ်းချမ်းရေးကိုလိုလားသော မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ဆွေးနွေးရန်လည်း ဖိတ်ခေါ်ထားသည်။
လက်ရှိတွင် နစကသည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့၊ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့ စုစုပေါင်း (၁ဝ)ဖွဲ့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည်။
zawgyi version
ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေစေရးအတြက္ လာေရာက္ေဆြးေႏြးမည္ဆိုပါက တံခါးဖြင့္ထားေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္ အသိေပးဖိတ္ေခၚ
မ်ိဳးႀကီး (NP News) - ဧၿပီ ၁
ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေစေရးအတြက္ လာေရာက္ေဆြးေႏြးမည္ဆိုပါက တံခါးအၿမဲဖြင့္ထားေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္ လႈိင္က အသိေပးဖိတ္ေခၚလိုက္သည္။
၎က ယမန္ေန႔(မတ္လ ၃၁ ရက္)တြင္ ရခိုင္ျပည္နယ္၌ ျပည္နယ္အစိုးရအဖြဲ႕အပါအဝင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံစဥ္အခ်ိန္ အထက္ပါကဲ့သို႔ ဖိတ္ေခၚေျပာဆိုခဲ့ျခင္းျဖစ္သည္။
နစကအေနျဖင့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားကို ေျဖရွင္းရာ၌ ဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ျမန္မာႏိုင္ငံသည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ၊ ဘင္းစတက္စ္အဖြဲ႕ဝင္ႏိုင္ငံ ႏွင့္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္ၿပီး မိမိတို႔အေပၚ ႏိုင္ငံတ ကာမွ အထင္အျမင္လြဲမွားမႈမရွိေရး ထိန္းသိမ္းေဆာင္႐ြက္ေနေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေစရန္ႏွင့္ ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳးကို ရည္႐ြယ္ကာ ႐ိုးသားစြာျဖင့္ နစကႏွင့္လာေရာက္ေဆြး ေႏြးမည္ဆိုပါက ၿငိမ္းခ်မ္းေရးအတြက္ အၿမဲတံခါးဖြင့္ထားပါေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးကာ ဖိတ္ေခၚလိုက္သည္။
တစ္ႏိုင္ငံလုံး တည္ၿငိမ္ေအးခ်မ္းမည္ဆိုပါက ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို ယခုထက္ ပိုမိုေဖာ္ေဆာင္ႏိုင္မည္ဟုလည္း ၎က ဆက္လက္ေျပာဆိုထားသည္။
ထိုသို႔ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးကိုတည္ေဆာက္ရာတြင္ တိုင္းရင္းသားျပည္သူအားလုံး ပါဝင္ရန္လိုအပ္ၿပီး ၿငိမ္းခ်မ္းေရးကိုလိုလားေသာ မည္သည့္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းကိုမဆို ေဆြးေႏြးရန္လည္း ဖိတ္ေခၚထားသည္။
လက္ရွိတြင္ နစကသည္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္(၇)ဖြဲ႕၊ လက္မွတ္မထိုးရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္(၃)ဖြဲ႕ စုစုေပါင္း (၁ဝ)ဖြဲ႕ႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးလ်က္ရွိသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်မင်္ဂလာအဝေးပြေးဝင်းအနီးတွင် လက်လုပ်ဗုံးပေါက်ကွဲရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ