တရုတ်နိုင်ငံတွင် ရွှေသတ္တုတွင်းတစ်ခု ပြိုကျခဲ့ပြီးနောက် အလုပ်သမား(၁၈)ဦး ပိတ်မိနေ
Pika (NP News) - ဒီဇင်ဘာ ၂၅
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် ရွှေသတ္တုတွင်းတစ်ခု ပြိုကျခဲ့ပြီးနောက် လူ(၁၈)ဦး ပိတ်မိနေကြောင်း ၎င်းတို့ကိုရှာဖွေရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတွင်းမီဒီယာများက ဖော်ပြထားသည်။
အဆိုပါရွှေသတ္တုတွင်းသည် ကာဇက်စတန်နိုင်ငံနယ်စပ်နှင့် ကီလိုမီတာ(၁ဝဝ) အကွာရှိ ယင်အန်းကောင်တီတွင် ရှိပြီး ဒီဇင်ဘာ(၂၄)ရက်က ပြိုကျမှုဖြစ်ပွားချိန်မှာ ရွှေသတ္တုတွင်းထဲတွင် လူပေါင်း(၄ဝ)ခန့် အလုပ်လုပ်နေကြောင်းလည်း သိရသည်၊၊
အဆိုပါပြိုကျမှုများဖြစ်ပွားပြီးနောက် သတ္တုတွင်းအလုပ်သမား(၂၂) ဦးကို မြေအောက်မှကယ်ဆယ်နိုင်ခဲ့ပြီး နောက်ထပ်(၁၈)ဦးမှာ ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။ Xinhuaသတင်းဌာနက "မြေအောက်ထဲမှာ ပိတ်မိနေတဲ့အလုပ်သမားတွေကို ကယ်ဆယ်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင် လျက်ရှိပါတယ်" ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အနောက်မြောက်ပိုင်းပြည်နယ် Qinghai တွင် ကျောက်မီးသွေးတွင်းတစ်ခု ပြိုကျ ခဲ့ပြီးနောက် မိုင်းတွင်းအလုပ်သမား(၁၉) ဦး ပိတ်မိခဲ့ပြီး အချိန်အတော်ကြာ ရှာဖွေမှုများလုပ်ဆောင်ခဲ့ကြပြီးနောက် (၁၉) ဦးစလုံးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်းသိရသည်။
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလက မြောက်ပိုင်းပြည်နယ် Shanxi ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး
မိုင်းတွင်းအလုပ်သမား(၂ဝ)ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Zawgyi Version;
တ႐ုတ္ႏိုင္ငံတြင္ ေ႐ႊသတၱဳတြင္းတစ္ခု ၿပိဳက်ခဲ့ၿပီးေနာက္ အလုပ္သမား(၁၈)ဦး ပိတ္မိေန
Pika (NP News) - ဒီဇင္ဘာ ၂၅
တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း ရွင္က်န္းေဒသတြင္ ေ႐ႊသတၱဳတြင္းတစ္ခု ၿပိဳက်ခဲ့ၿပီးေနာက္ လူ(၁၈)ဦး ပိတ္မိေန ေၾကာင္း ၎တို႔ကိုရွာေဖြရန္အတြက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ႏိုင္ငံတြင္းမီဒီယာမ်ားက ေဖာ္ျပထားသည္။
အဆိုပါေ႐ႊသတၱဳတြင္းသည္ ကာဇက္စတန္ႏိုင္ငံနယ္စပ္ႏွင့္ ကီလိုမီတာ(၁ဝဝ) အကြာရွိ ယင္အန္းေကာင္တီတြင္ ရွိၿပီး ဒီဇင္ဘာ(၂၄)ရက္က ၿပိဳက်မႈျဖစ္ပြားခ်ိန္မွာ ေ႐ႊသတၱဳတြင္းထဲတြင္ လူေပါင္း(၄ဝ)ခန႔္ အလုပ္လုပ္ေနေၾကာင္း လည္း သိရသည္၊၊
အဆိုပါၿပိဳက်မႈမ်ားျဖစ္ပြားၿပီးေနာက္ သတၱဳတြင္းအလုပ္သမား(၂၂) ဦးကို ေျမေအာက္မွကယ္ဆယ္ႏိုင္ခဲ့ၿပီး ေနာက္ထပ္(၁၈)ဦးမွာ ဆက္လက္ပိတ္မိေနဆဲျဖစ္ေၾကာင္းသိရသည္။ Xinhuaသတင္းဌာနက "ေျမေအာက္ထဲမွာ ပိတ္မိေနတဲ့အလုပ္သမားေတြကို ကယ္ဆယ္ႏိုင္ဖို႔ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္ လုပ္ေဆာင္ လ်က္ရွိပါတယ္" ဟု ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလက အေနာက္ေျမာက္ပိုင္းျပည္နယ္ Qinghai တြင္ ေက်ာက္မီးေသြးတြင္းတစ္ခု ၿပိဳက် ခဲ့ၿပီးေနာက္ မိုင္းတြင္းအလုပ္သမား(၁၉) ဦး ပိတ္မိခဲ့ၿပီး အခ်ိန္အေတာ္ၾကာ ရွာေဖြမႈမ်ားလုပ္ေဆာင္ခဲ့ၾကၿပီးေနာက္ (၁၉) ဦးစလုံးကို ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။
၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလက ေျမာက္ပိုင္းျပည္နယ္ Shanxi ရွိ ေက်ာက္မီးေသြးတြင္းတစ္ခုတြင္ ေရနစ္ျမဳပ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး မိုင္းတြင္းအလုပ္သမား(၂ဝ)ဦးကို ကယ္ဆယ္ႏိုင္ခဲ့ေသာ္လည္း (၂)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် အနည်းဆုံးလူ(၃)ဦး သေဆုံး
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း