Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံသားများအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ(၁၂ဝဝဝ)ကျော်ကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ဟု မလေးရှားအစိုးရဆို

Pika (NP News) - ဧပြီ ၁


မလေးရှားအစိုးရသည် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လ(၂၉)ရက်အထိ မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထားသော ပြည်ပနိုင်ငံသား(၁၂၃၈ဝ)ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် Datuk Ruslin Jusoh ကပြောကြားခဲ့သည်။


အဆိုပါနိုင်ငံခြားသားများထဲတွင် အမျိုးသား(၉၆ဝ၆)ဦးနှင့် အမျိုးသမီး(၂၇၇၄)ဦးပါဝင်ပြီး အများစုသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံတို့မှဖြစ်ကြောင်း Datuk Ruslin Jusoh ကပြောကြားခဲ့သည်။ Datuk Ruslin Jusoh က"နေရပ်ပြန်ပို့တဲ့ ရွှေ့ပြောင်းနေထိုင်သူ အမျိုးအစား(၃)မျိုးရှိပါတယ်။ ထောင်ကျပြီးတဲ့ နိုင်ငံခြားသားတွေ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေနဲ့ အခြားအာဏာပိုင်အဖွဲ့အစည်းတွေကဖမ်းဆီးပြီး လွှဲပြောင်းပေးထားတဲ့ နိုင်ငံခြားသားတွေဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။


ထို့ပြင် ယာယီထိန်းသိမ်းရေးစခန်း(၃)ခုအပါအဝင် လူဝင်မှုကြီး ကြပ်ရေးစခန်း(၂၁)ခုတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း(၁၁၆၅ဝ)ဦးကို ဆက်လက်ထိန်းသိမ်းထားကြောင်း ၎င်းကပြောဆိုခဲ့သည်။ အခြားယာယီထိန်းသိမ်းရေးစခန်းတစ်ခုဖြစ်သည့် Sungai Bakap စခန်းကို ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ Sungai Bakap ယာယီထိန်းသိမ်းရေးစခန်းသည် (၂ဝ၂၁)ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်တွင် စတင်လည်ပတ်ခဲ့ပြီး အကျဥ်းသား(၂၂၂၄)ဦးကိုထားရှိခဲ့ကြောင်း Datuk Ruslin Jusoh ကပြောကြားခဲ့သည်။


ရွေ့လျားထိန်းချုပ်ရေးအမိန့်ကာလအတွင်း နေရပ်ပြန်ပို့ခြင်းများမလုပ်ဆောင်နိုင်သောကြောင့် Sungai Bakap ယာယီထိန်းသိမ်းရေးစခန်းကို အစောပိုင်းတွင် ကိုဗစ်(၁၉)ရောဂါကို ထိန်းချုပ်ရန်အ တွက် အသုံးပြုခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ယခုနှစ်ဇန်နဝါရီလ(၁ဝ)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ပြန်လည်ချိန်ညှိရေးအစီအစဥ် (2.0)အတွက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ(၃၂၂၁၈၂)ဦးနှင့် အလုပ်ရှင်(၂၇၅၇၂)ဦးတို့ကို စာရင်းတင်သွင်းထားကြောင်း Datuk Ruslin Jusohကပြောကြားခဲ့သည်။ အဆိုပါအစီအစဥ်သည် နိုင်ငံတွင်းရှိ နိုင်ငံရပ်ခြားအလုပ်သမားများ၏ ‌တောင်းဆိုချက်များကို ဖြည့်ဆည်း‌‌ပေးရန် ရည်ရွယ်ထားကြောင်းသိရသည်။

zawgyi version


Pika (NP News) - ဧပြီ ၁









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတည်ငြိမ်အေးချမ်းစေရေးအတွက် လာရောက်ဆွေးနွေးမည်ဆိုပါက တံခါးဖွင့်ထားကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် အသိပေးဖိတ်ခေါ်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved