ရာအိမ်မှူး(၃)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ (၂)ဦးပွဲချင်းပြီး သေဆုံးမှု တောင်တွင်းကြီးမြို့နယ်၌ ဖြစ်ပွား
NSS - ဧပြီ ၂၁
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ငါးမွေးကန်ဘောင်၌ ထိုင်နေသည့် ရာအိမ်မှူး (၃)ဦးကို PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ရာ (၂)ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၂၀ ရက်)၊ ညနေပိုင်းအချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ် သွားတိုက်နယ်ရဲစခန်းအနီး၊ အောင်မင်္ဂလာ ကန်ဘောင်ပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရာအိမ်မှူး (၃)ယောက်က ဆက်သွားရဲစခန်းနားက ကန်ဘောင်ပေါ်မှာထိုင်နေတာ။ အဲဒီမှာ လူတစ်ယောက်ကဆိုင်ကယ်နဲ့လာပြီး ပစ္စတိုသေနတ်နဲ့လာပစ် သွားတာပါ။ (၂)ယောက်က အခင်းဖြစ်တဲ့နေရာမှာပဲ သေသွားတယ်” ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
အဆိုပါဖြစ်စဉ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ရာအိမ်မှူး(၃)ဦးအနက် အသက်(၆၅)နှစ်အရွယ် ဦးခင်မောင်အေးနှင့် အသက်(၄၂)နှစ်အရွယ် ဦးမောင်ဌေးတို့တွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အသက်(၄၀)ကျော်အရွယ် ရာအိမ်မှူးဦးဟန်ခိုင်တွင်လည်း ပါးတစ်ဖက်ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် နေပြည်တော်ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။
“၂၀၂၄ နှစ်စကနေပြီးတော့ အခုအချိန်ထိဆိုရင် တောင်တွင်းကြီးမြို့နယ်မှာက ပစ်သတ်ခံရတာ သံဃာတော်ကတစ်ပါးနဲ့ လူ(၇)ယောက် ရှိပြီပေါ့။ လက်ရှိအခြေအနေအရတော့ တောင်တွင်းကြီးမြို့နယ်တောင်ဘက်ကို သက်ဆိုင်ရာနဲ့လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်တွင် တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာသုသာန်၌ မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်နေသည့် သံဃာတော်များကို PDF အဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ သံဃာတော်(၁)ပါးပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့တွင် ဘင်္ဂါလီ (၁၀၀၀)ခန့်က အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် AA အဖွဲ့ကို အလိုမရှိကြောင်း ဆန္ဒပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း