မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို
Pika (NSS) - ဧပြီ ၂ဝ
မြန်မာပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ တင်းကျပ်ကန့်သတ်မှုတွေကို အမြင့်ဆုံးလုပ်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဧပြီလ(၁၉)ရက်နေ့မှာ ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ပြီး တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
အထူးသဖြင့် ကရင်ပြည်နယ် မြဝတီမြို့နဲ့ ရခိုင်ပြည်နယ်တို့မှာ မကြာသေးမီက အကြမ်းဖက်မှုတွေ ပိုမိုအရှိန်မြင့်တက်လာတာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်မှာ 'ပဋိပက္ခ ပိုမိုပြင်းထန်လာတာနဲ့အတူ ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်တွေကို ရှောင်ရှားဖို့အတွက် ပါဝင်ပတ်သက်နေသူတွေအားလုံးအနေနဲ့ အကြမ်းဖက်မှုကို ရပ်တန်ဖို့နဲ့ တင်းကျပ်ကန့်သတ်မှုတွေကို အမြင့်ဆုံးလုပ်ဆောင်ဖို့ အာဆီယံအဖွဲ့က တောင်းဆိုပါတယ်။ပြီးတော့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံစည်းမျဉ်းတွေကို လိုက်နာဖို့၊ တင်းမာမှုတွေ လျော့ကျလာစေဖို့နဲ့ အရပ်ဘက်ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်တဲ့ အစီအစဉ်တွေအားလုံးကို လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်။”လို့ ရေးသားဖော်ပြထားပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အချိန်နဲ့တစ်ပြေးညီ ဘေးအန္တရာယ်ကင်းရှင်းစွာ ပေးအပ်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးတာအပါအဝင် အရပ်ဖက်ပြည်သူတွေအပေါ် ပဋိပက္ခရဲ့အကျိုးသက်ရောက်မှုတွေ လျော့ကျစေဖို့အတွက် အရေးပေါ်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ရေရှည်နဲ့ပြီးပြည့်စုံတဲ့ နိုင်ငံရေးအဖြေကို ရရှိဖို့အတွက် ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီအမှတ်(၂)တံတားကို တပ်မတော်က လေကြောင်းပစ်ကူများဖြင့် ကာကွယ်နေ၊ တိုက်ပွဲပြင်းထန်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း