ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကိုရောက်ရှိနေသော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ဦးကို ဧပြီ ၂၂ ရက်နေ့တွင် ပြန်လည်ခေါ်ယူမည်
ဂျန်ဇက် (NSS) - ဧပြီ ၂ဝ
မြန်မာအစိုးရသည် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့သော တပ်မတော်သားများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာမည့် ရက်ပိုင်းအတွင်း ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွန်က ဧပြီ ၁၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
၎င်းက ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဆုတ်ခွာခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဘင်္ဂလားဒေရှ့်နိုင်ငံသားများကို ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက " မြန်မာအစိုးရဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို ရောက်ရှိနေတဲ့တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း ၂၈၅ဦးကို ပြန်လည်ခေါ်ယူဖို့ သင်္ဘောတွေစေလွှတ်ပေးမှာဖြစ်တယ်။ ဘင်္ဂလားဒေရှ့်အစိုးရဟာလည်း မြန်မာနိုင်ငံမှာဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၅၀ ဦးကို ဧပြီ ၂၂ ရက်နေ့မှာ အလဲအလှယ်လုပ်တဲ့ ပုံစံမျိုးနဲ့ ပြန်လည်ခေါ်ယူသွားမယ်။" ဟုပြောသည်။
မြန်မာအစိုးရသည် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ရောက်ရှိနေသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များကို ရေလမ်းခရီးမှပြန်လည်ခေါ်ယူရန် အဆိုပြုကမ်းလှမ်းခဲ့ကြောင်း၊ ဘင်္ဂလားဒေရှ့်အစိုးရကလည်း သဘောတူညီခဲ့ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးကပြော သည်။ မြန်မာအစိုးရသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်ရှိအချိန်တွင် သင်္ဘောများဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်ထားကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၏အခြေအနေများနှင့် ရေလမ်းကြောင်းခရီးစဉ်အပေါ် မူတည်မှုများရှိနေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။ ဘင်္ဂလားဒေရှ့်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး အက်အမ်ရှာဖူဒင်အာမက်သည်မြန်မာခေါင်းဆောင်များနှင့်ဆက်သွယ်ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်အစိုးရသည် ပြီးခဲ့သော ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း ၎င်းတို့နိုင်ငံဘက်ခြမ်းသို့ဆုတ်ခွာခဲ့သော မြန်မာတပ်မတော်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း၃၃၀ ဦးကို ပြန်ပို့ပေးခဲ့ဖူးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကူအညီတွေမရတော့ရင် ယူကရိန်းနိုင်ငံ ဒီနှစ်အတွင်း စစ်ရှုံးမယ်လို့ စီအိုင်အေအကြီးအကဲ သုံးသပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ