တရုတ်နိုင်ငံရဲ့ရထားဘူတာရုံသစ် ဒီဇိုင်းက အမျိုးသမီး လစဉ်သုံးနဲ့ ဆင်တူတယ်လို့ ဝေဖန်ခံနေရ
ရောင်နီ (NSS) - ဧပြီ ၁၉
တရုတ်နိုင်ငံရှိ ရထားဘူတာရုံသစ်တစ်ခုရဲ့အဆိုပြုထားတဲ့ဒီဇိုင်းဟာ အမျိုးသမီး လစဉ်သုံးနဲ့ ဆင်တူနေတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။
အဆိုပါ ဘူတာရုံဟာ တရုတ်နိုင်ငံ မြောက်ပိုင်း နန်ကျင်းဘူတာရုံအဖြစ် ဆောက်လုပ်နေဆဲဖြစ်ပါတယ်။ ဘူတာရုံကို ထူးခြားလှပအောင် ဖန်တီးဆောက်လုပ်ထားတာဖြစ်ပေမယ့် တရုတ်ဆိုရှယ်မီဒီယာ Weibo အသုံးပြုသူတွေကတော့ ဒါဟာ အမျိုးသမီး လစဉ်သုံး pad နဲ့တူတယ်လို့ ဆိုကြပါတယ်။
"အမျိုးသမီး လစဉ်သုံးပုံစံ ရည်ရွယ်ချက်ရှိရှ် ဒီဇိုင်းထွင်ထားတာလား၊ တကယ်လို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာ မဟုတ်ရင် ဒီဇိုင်းဆွဲတဲ့သူဟာ ကျွမ်းကျင်ပိုင်နိုင်မှု အားနည်းသေးတယ်" လို့ Weibo အသုံးပြုသူတစ်ဦးက ပြောပါတယ်။
ဘူတာရုံဟာ "အမျိုးသမီး လစဉ်သုံး Pad ဘူတာရုံ" ဆိုပြီး နာမည်ကျော်ခဲ့သလို "North Nanjing Station” ခေါင်းစဉ်နဲ့ Weibo မှာ ကြည့်ရှုမှု သုံးသန်းကျော်ထိ ရရှိခဲ့ပါတယ်။ The Paper သတင်းဌာနရဲ့အဆိုအရ အဆိုပါဒီဇိုင်း ကို ကျန်ဆုပြည်နယ်အစိုးရနဲ့ China Railway Group မှ အတည်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဘူတာရုံဟာ ယွမ် ၂၀ ဘီလျံ (စင်ကာပူဒေါ်လာ ၃.၈ ဘီလျံ) ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ဗိသုကာလက်ရာတွေဟာ ယခင်ကလည်း လူအများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါ တယ်။ ၂ဝ၁၂ ခုနှစ်ကလည်း ပေကျင်းရှိ အစိုးရရုပ်သံဌာန CCTV ဌာနချုပ်ဟာ "လက်ဝှေ့သမား ဘောင်းဘီတို” အဆောက်အအုံကြီးအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ အဆိုပါအဆောက်အအုံဟာ နောက်တစ်နှစ်မှာ အထပ်မြင့် အဆောက်အအုံများနဲ့ မြို့ပြနေထိုင်ရာကောင်စီမှ ကမ္ဘာ့အကောင်းဆုံး အထပ်မြင့်အဆောက်အအုံဆုကို ရရှိခဲ့ပါ တယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ အိန္ဒိယမှ တင်သွင်းတဲ့ မဆလာတစ်မျိုး ပိုးသတ်ဆေး SFA ပါဝင်မှုပမာဏကြောင့် ပြန်လည်သိမ်းဆည်း
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း