ဂျာမန်အခြေဆိုက် Tesla က ယာယီအလုပ်သမား ၃၀၀ ကို အလုပ်ထုတ်ပယ်သွားမည်
ရောင်နီ (NSS) - ဧပြီ ၁၉
ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tesla (TSLA.O) ကုမ္ပဏီက ၎င်းရဲ့ကမ္ဘာလုံးဆိုင်ရာမှာရှိတဲ့ ဝန်ထမ်းအင်အားကို လျှော့ချသွားမယ့်အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘာလင်မြို့အနီးရှိ ၎င်းရဲ့ဂျာမန်စက်ရုံမှာ ယာယီအလုပ်သမား ၃၀၀ ခန့်ကို ထပ်မံအလုပ်ထုတ်ပယ်သွားဖို့ စီစဉ်နေတယ်လို့ Business Insider က ဗုဒ္ဓဟူးနေ့(ဧပြီလ ၁၇ ရက်) က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ယာယီဝန်ထမ်းအင်အားဖြတ်တောက်မှုတွေကို တနင်္လာနေ့ (ဧပြီလ ၂၂ ရက်) မှာ စတင်မှာဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
Tesla ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (ဧပြီလ ၁၅ ရက်) ကလည်း ၎င်းရဲ့ကမ္ဘာလုံးဆိုင်ရာ လုပ်သားအင်အားရဲ့၁၀ ရာခိုင်နှုန်းကျော်ကို အလုပ်ထုတ်ပယ်ခဲ့ပါတယ်။
ကမ္ဘာကျော် သူဋ္ဌေးကြီး အီလွန်မက်ခ် ပိုင်ဆိုင်တဲ့ Tesla, Inc.၊ ကုမ္ပဏီဟာ လျှပ်စစ်မော်တော်ကား၊ ဆိုလာပြားတွေနဲ့ ဘတ္ထရီထုတ်လုပ်ရေး လုပ်ငန်းစုဖြစ်ပြီး တစ်နှစ်ကို လျှပ်စစ်ကားပေါင်း ၁.၃ သန်းကျော် ရောင်းချနိုင်တဲ့လုပ်ငန်းစုဖြစ်ပါတယ်။
ဒါပေမယ့် ကိုဗစ်ကာလ ရုန်းကန်မှုတွေအတွက် အခြားကုမ္ပဏီတွေလိုပဲ Tesla လည်း ဝန်ထမ်းအင်အား လျှော့ချမှုတွေပြုလုပ်နေပြီး၊ ပြီးခဲ့တံ့ တနင်္လာနေ့က လုပ်သားအင်အာရဲ့ ၁၀ ရာခိုင်နှုန်းကျော်၊ ဝန်ထမ်း ၁၄,၀၀၀ ခန့်ကို လျှော့ချလိုက်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံရဲ့ရထားဘူတာရုံသစ် ဒီဇိုင်းက အမျိုးသမီး လစဉ်သုံးနဲ့ ဆင်တူတယ်လို့ ဝေဖန်ခံနေရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း