Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါကစ္စတန်မှာ ရာမာဒန် အစားအသောက် ဖြန့်ဖြူးရေးစင်တာ ပြိုကျခြင်းကြောင့် လူ (၁၁)ဦး သေဆုံး

ရောင်နီ (NP News) - ဧပြီ ၁


ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့ရှိ ရာမာဒန် အစားအသောက် ဖြန့်ဖြူးရေး စင်တာတစ်ခုမှာ သောကြာနေ့(မတ်လ ၃၁ ရက်)က လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ (၁၁) ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

        

ပြိုကျမှု ဖြစ်စဉ်မှာ ရာနဲ့ချီသော လူများက အစားအစာများယူရန် အချင်းချင်းတွန်းတိုက်ကြရင်း ပြိုကျခဲ့တာဖြစ်ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကာ ၄င်းတို့ထဲမှ အချို့ဟာ အနီးနားရှိ ရေမြောင်းထဲသို့ပင် ပြုတ်ကျခဲ့ကြောင်း ရဲအရာရှိ မူဂါဟီစ်ဟက်ရ်ှမီက ပြောကြားခဲ့ပါတယ်။ 


ဒေသတွင်း မီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ အဖြစ်အပျက်မှာ အမျိုးသမီး ရှစ်ဦးနဲ့ ကလေးငယ် သုံးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အစားအသောက် ဖြန့်ဖြူးရေးစင်တာ စီစဉ်သူဟာ အဆိုပါ အစီအစဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို အသိပေးခဲ့ခြင်း မရှိကြောင်း၊ အစားအစာ ဖြန့်ဝေမှုကို ဒေသခံရဲများသိရှိခဲ့ရင် တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ထားနိုင်ကြောင်း ဟက်ရ်ှမီက ဆိုပါတယ်။ ဆိုင့်ဟ်ပြည်နယ်မှ နိုင်ငံခြားရေးဝန်ကြီး ဘီလာယဲလ်ဘူတိုဇာဒါရီက အာဏာပိုင်များအား အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးဖို့အမိန့်ပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မွတ်စ်လင်မ် ဘာသာဝင်တို့ရဲ့လမြတ် ဥပုသ်နေ့စတင်ချိန်မှစ ရမ်ဇာန် အစားအသောက် ဖြန့်ဖြူးရေး နေရာများမှာ ဖြစ်ပွားတဲ့ လူအုပ်ပြိုကျမှုများမှာ အသေအပျောက် အများဆုံး ဖြစ်ပါတယ်။ ယင်း ဖြစ်ရပ်ကြောင့် နိုင်ငံတဝှမ်း အခမဲ့ စားနပ်ရိက္ခာ စင်တာများမှာ လူအုပ်ပြိုကျမှုကြောင့် သေဆုံးသူ ဦးရေဟာ အနည်းဆုံး ၂၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ 

     

ငွေသားပိတ်လှောင်ခံထားရတဲ့ ပါကစ္စတန်ဟာ ၎င်းရဲ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးစီးပွားရေး အကျပ်အတည်းများနဲ့ ရင်ဆိုင်နေရပြီး လူနေမှုစရိတ်တွေ ပိုဆိုးလာတာကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ စားနပ်ရိက္ခာအတွက် ရုန်းကန်နေကြရပါတယ်။ ရမ်ဇာန်လအတွင်း ဝင်ငွေနည်းသော မိသားစုများအား စံချိန်တင် ငွေကြေးဖောင်းပွမှုနဲ့ ဆင်းရဲမွဲတေမှု တိုးမြင့်လာမှုကို ဖြေလျှော့ရန် အစိုးရမှ မုန့်ညက်အခမဲ့ ပေးဆောင်ရန် လွန်ခဲ့တဲ့ ရက်သတ္တပတ်က စတင်လုပ်ဆောင်ချိန်မှစ လူအုပ်ကြီးဟာ ဖြန့်ဖြူးရေးစင်တာများမှာ စုဝေးနေကြပါတယ်။ 


စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ဖို့ ရုန်းကန်နေရတဲ့ အစိုးရဟာ နိုဝင်ဘာလကတည်းက ဆိုင်းငံ့ထားခဲ့တဲ့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ ချေးငွေအစီအစဉ်ကို ပြန်လည်စတင်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ သဘောတူညီချက်တစ်ခုရရှိဖို့အပူတပြင်းလုပ်ဆောင်နေပါတယ်။

zawgyi version

ပါကစၥတန္မွာ ရာမာဒန္ အစားအေသာက္ ျဖန႔္ျဖဴးေရးစင္တာ ၿပိဳက်ျခင္းေၾကာင့္ လူ (၁၁)ဦး ေသဆုံး

ေရာင္နီ (NP News) - ဧၿပီ ၁


ပါကစၥတန္ႏိုင္ငံေတာင္ပိုင္း ကရာခ်ိၿမိဳ႕ရွိ ရာမာဒန္ အစားအေသာက္ ျဖန႔္ျဖဴးေရး စင္တာတစ္ခုမွာ ေသာၾကာေန႔(မတ္လ ၃၁ ရက္)က လူအုပ္ၿပိဳမႈ ျဖစ္ပြားခဲ့ၿပီး အမ်ိဳးသမီးနဲ႔ ကေလးငယ္မ်ား အပါအဝင္ အနည္းဆုံး လူ (၁၁) ဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕နဲ႔ ကယ္ဆယ္ေရး တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ပါတယ္။

        

ၿပိဳက်မႈ ျဖစ္စဥ္မွာ ရာနဲ႔ခ်ီေသာ လူမ်ားက အစားအစာမ်ားယူရန္ အခ်င္းခ်င္းတြန္းတိုက္ၾကရင္း ၿပိဳက်ခဲ့တာျဖစ္ၿပီး လူအမ်ားအျပား ဒဏ္ရာရရွိခဲ့ကာ ၄င္းတို႔ထဲမွ အခ်ိဳ႕ဟာ အနီးနားရွိ ေရေျမာင္းထဲသို႔ပင္ ျပဳတ္က်ခဲ့ေၾကာင္း ရဲအရာရွိ မူဂါဟီစ္ဟက္ရ္ွမီက ေျပာၾကားခဲ့ပါတယ္။ 


ေဒသတြင္း မီဒီယာတစ္ခုရဲ႕ ေဖာ္ျပခ်က္အရ အျဖစ္အပ်က္မွာ အမ်ိဳးသမီး ရွစ္ဦးနဲ႔ ကေလးငယ္ သုံးဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ အစားအေသာက္ ျဖန႔္ျဖဴးေရးစင္တာ စီစဥ္သူဟာ အဆိုပါ အစီအစဥ္နဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ကို အသိေပးခဲ့ျခင္း မရွိေၾကာင္း၊ အစားအစာ ျဖန႔္ေဝမႈကို ေဒသခံရဲမ်ားသိရွိခဲ့ရင္ တပ္ဖြဲ႕ဝင္မ်ား ျဖန႔္က်က္ထားႏိုင္ေၾကာင္း ဟက္ရ္ွမီက ဆိုပါတယ္။ ဆိုင့္ဟ္ျပည္နယ္မွ ႏိုင္ငံျခားေရးဝန္ႀကီး ဘီလာယဲလ္ဘူတိုဇာဒါရီက အာဏာပိုင္မ်ားအား အျဖစ္အပ်က္ကို စုံစမ္းစစ္ေဆးဖို႔အမိန႔္ေပးခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ မြတ္စ္လင္မ္ ဘာသာဝင္တို႔ရဲ႕လျမတ္ ဥပုသ္ေန႔စတင္ခ်ိန္မွစ ရမ္ဇာန္ အစားအေသာက္ ျဖန႔္ျဖဴးေရး ေနရာမ်ားမွာ ျဖစ္ပြားတဲ့ လူအုပ္ၿပိဳက်မႈမ်ားမွာ အေသအေပ်ာက္ အမ်ားဆုံး ျဖစ္ပါတယ္။ ယင္း ျဖစ္ရပ္ေၾကာင့္ ႏိုင္ငံတဝွမ္း အခမဲ့ စားနပ္ရိကၡာ စင္တာမ်ားမွာ လူအုပ္ၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ဦးေရဟာ အနည္းဆုံး ၂၁ ဦးအထိ ျမင့္တက္လာခဲ့ပါတယ္။ 

     

ေငြသားပိတ္ေလွာင္ခံထားရတဲ့ ပါကစၥတန္ဟာ ၎ရဲ႕သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးစီးပြားေရး အက်ပ္အတည္းမ်ားနဲ႔ ရင္ဆိုင္ေနရၿပီး လူေနမႈစရိတ္ေတြ ပိုဆိုးလာတာေၾကာင့္ သန္းနဲ႔ခ်ီတဲ့လူေတြဟာ စားနပ္ရိကၡာအတြက္ ႐ုန္းကန္ေနၾကရပါတယ္။ ရမ္ဇာန္လအတြင္း ဝင္ေငြနည္းေသာ မိသားစုမ်ားအား စံခ်ိန္တင္ ေငြေၾကးေဖာင္းပြမႈနဲ႔ ဆင္းရဲမြဲေတမႈ တိုးျမင့္လာမႈကို ေျဖေလွ်ာ့ရန္ အစိုးရမွ မုန႔္ညက္အခမဲ့ ေပးေဆာင္ရန္ လြန္ခဲ့တဲ့ ရက္သတၱပတ္က စတင္လုပ္ေဆာင္ခ်ိန္မွစ လူအုပ္ႀကီးဟာ ျဖန႔္ျဖဴးေရးစင္တာမ်ားမွာ စုေဝးေနၾကပါတယ္။ 


စီးပြားေရးကို အရွိန္အဟုန္ျမႇင့္တင္ဖို႔ ႐ုန္းကန္ေနရတဲ့ အစိုးရဟာ ႏိုဝင္ဘာလကတည္းက ဆိုင္းငံ့ထားခဲ့တဲ့ အေမရိကန္ေဒၚလာ ၆ ဒသမ ၅ ဘီလ်ံ ေခ်းေငြအစီအစဥ္ကို ျပန္လည္စတင္ဖို႔ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) နဲ႔ သေဘာတူညီခ်က္တစ္ခုရရွိဖို႔အပူတျပင္းလုပ္ေဆာင္ေနပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လားရှိုး-နမ္မတူ လမ်းမတွင် ကားတစ်စီးနှင့် ဆိုင်ကယ် (၂)စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားရာ (၂)ဦး သေဆုံး

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved