လားရှိုး-နမ္မတူ လမ်းမတွင် ကားတစ်စီးနှင့် ဆိုင်ကယ် (၂)စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားရာ (၂)ဦး သေဆုံး
Pearl (NP News) - ဧပြီ ၁
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လားရှိုး~နမ္မတူ လမ်းမတွင် ကားတစ်စီးနှင့် ဆိုင်ကယ် (၂)စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားရာအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၁ ရက်) ၊ နံနက် (၉)နာရီ အချိန်ခန့်တွင် လားရှိုး-နမ္မတူ လမ်းမကြီး၊ လားရှိုးဂေါက်ကလပ်အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"အရွယ်တွေက လူငယ် (၂)ယောက်နဲ့ လူကြီး တစ်ယောက်၊ ဆုံးတာက လူငယ်တစ်ယောက်နဲ့ လူကြီးနဲ့၊ ဒဏ်ရာရတဲ့လူကလည်း စိုးရိမ်ရတယ်၊ ဆိုင်ကယ် (၂)စီးနဲ့ ကားနဲ့တိုက်တာ၊ ဘယ်လိုတိုက်လဲတော့ မသိဘူး" ပါဟု လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ NP Newsကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦးဒဏ်ရရှိခဲ့ကာ စိုးရိမ်စရာအခြေအနေရှိကြောင်း ရှိရသည်။
လက်ရှိတွင် ၎င်းတို့အား လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှတစ်ဆင့် ခွဲစိတ်ကုသဆောင်နှင့် ရင်ခွဲရုံသို့ အသီးသီးပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့၏ အချက်အလက်များအား စုံစမ်းလျက်ရှိကြောင်း သိရသည်။
zawgyi version
လားရႈိး-နမၼတူ လမ္းမတြင္ ကားတစ္စီးႏွင့္ ဆိုင္ကယ္ (၂)စီးတို႔ ယာဥ္တိုက္မႈျဖစ္ပြားရာ (၂)ဦး ေသဆုံး
Pearl (NP News) - ဧၿပီ ၁
ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕နယ္၊ လားရႈိး~နမၼတူ လမ္းမတြင္ ကားတစ္စီးႏွင့္ ဆိုင္ကယ္ (၂)စီးတို႔ ယာဥ္တိုက္မႈျဖစ္ပြားရာအမ်ိဳးသား(၂)ဦး ေသဆုံးခဲ့ၿပီး (၁)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း လားရႈိးလူငယ္မ်ား လူမႈကူညီေရးအဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၁ ရက္) ၊ နံနက္ (၉)နာရီ အခ်ိန္ခန႔္တြင္ လားရႈိး-နမၼတူ လမ္းမႀကီး၊ လားရႈိးေဂါက္ကလပ္အနီးတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"အ႐ြယ္ေတြက လူငယ္ (၂)ေယာက္နဲ႔ လူႀကီး တစ္ေယာက္၊ ဆုံးတာက လူငယ္တစ္ေယာက္နဲ႔ လူႀကီးနဲ႔၊ ဒဏ္ရာရတဲ့လူကလည္း စိုးရိမ္ရတယ္၊ ဆိုင္ကယ္ (၂)စီးနဲ႔ ကားနဲ႔တိုက္တာ၊ ဘယ္လိုတိုက္လဲေတာ့ မသိဘူး" ပါဟု လားရႈိးလူငယ္မ်ား လူမႈကူညီေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးမွ NP Newsကို ေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသား (၂)ဦး ေသဆုံးခဲ့ၿပီး (၁)ဦးဒဏ္ရရွိခဲ့ကာ စိုးရိမ္စရာအေျခအေနရွိေၾကာင္း ရွိရသည္။
လက္ရွိတြင္ ၎တို႔အား လားရႈိးျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚဌာနမွတစ္ဆင့္ ခြဲစိတ္ကုသေဆာင္ႏွင့္ ရင္ခြဲ႐ုံသို႔ အသီးသီးပို႔ေဆာင္ေပးခဲ့ၿပီး ၎တို႔၏ အခ်က္အလက္မ်ားအား စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီရန်စစ်ဘက်အရာရှိသေဆုံးခဲ့ခြင်းအပေါ် လက်တုံ့ပြန်မှာဖြစ်ကြောင်း အီရန်စစ်ဘက်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း