ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ အများပြည်သူသုံးရထားခရီးစဉ်များကို ယာယီဖျက်သိမ်းခဲ့ရ
စော(NSS) - ဧပြီ ၁၁
ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ အများပြည်သူသုံးရထားခရီးစဉ်များကို ယာယီဖျက်သိမ်းခဲ့ရကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ထားသည်။
ယမန်နေ့(ဧပြီလ ၁၀ ရက်)က မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းအတွင်း၌ အမှတ် ၆၈၆ အစုန် ကျောက်ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားအရောက်တွင် ရထားမိုင်းထိမှန်၍ ရထားလမ်းနှင့်တွဲများ ပျက်စီးကာ လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယနေ့ (ဧပြီလ ၁၁ ရက်)တွင် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထား နှင့် သင်္ကြန်အစုန်အထူး မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်နှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထား နှင့် သင်္ကြန်အဆန်အထူး ရန်ကုန်-မော်လမြိုင်ရထား ခရီးစဥ်များအား ယာယီဖျက်သိမ်းခဲ့ကြောင်း သိရသည်။
“ညွှန်ကြားထားတာတော့ ဒီနေ့တစ်ရက်ပဲ။ လမ်းပိုင်းကတော့ မနေ့ထဲက ပြင်နေတုန်း။ ဒီနေ့လည်း ကရိန်းရောက်ရင် ဆက်ပြင်မယ်။ ဒီနေ့ပြီးသွားရင်တော့ မနက်ဖြန်ဖွင့်ပြီ။ ညနေလောက်ဆို ကျွန်တော်တို့ သိရပြီ။ စုစုပေါင်း လက်မှတ်ရောင်းထားတာက ရိုးရိုးတန်း/ အထက်တန်း ၁၂၀ ဦး၊ လာထုတ်တဲ့လူကတော့ ၉၀ လောက်ထုတ်ပြီးသွားပြီ”ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယနေ့ (ဧပြီလ ၁၁ ရက်)အတွက် ဝယ်ယူထားသော အထက်တန်း/ရိုးရိုးတန်းလက်မှတ်ခငွေများကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံ၌ နံနက် (၆)နာရီမှ စ၍ (၁၀)နာရီထိ ပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားတာဝန်ရှိသူများမှ လမ်းပိုင်းအမြန်ဆုံးပြန်လည် ဖွင့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ရထားပြန်လည်ပြေးဆွဲနိုင်မည့်ရက်အား ပြန်လည်တင်ပြသွားမည်ဖြစ် ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်ရေတပ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း